DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်ဖိုရမ် မော်လမြိုင်တွင် ကျင်းပမည်
DVB
·
February 28, 2014
မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်ဖိုရမ် မော်လမြိုင်တွင် ကျင်းပမည်
Donate to DVB

မြန်မာနိုင်ငံရဲ့ အပြောင်းအလဲဖြစ်စဉ်မှာ လူငယ်တွေရဲ့ပါဝင်မှု အခန်းကဏ္ဍ မြှင့်တင်ဖို့ ရည်ရွယ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ညီလာခံတခုကို လာမယ့်သီတင်းပတ်အတွင်း မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ကျင်းပဖို့ ရှိနေပါတယ်။

[caption id="attachment_52498" align="alignright" width="300"]ဖေဖော်ဝါရီ ၁၈ ရက်နေ့က မော်လမြိုင်မြို့မှာ ကျင်းပပြုလုပ်တဲ့ မွန်ပြည်နယ်လုံးဆိုင်ရာ လူငယ်များ တွေ့ဆုံပွဲ (ဓာတ်ပုံ - Mon State Youth Forum) ဖေဖော်ဝါရီ ၁၈ ရက်နေ့က မော်လမြိုင်မြို့မှာ ကျင်းပပြုလုပ်တဲ့ မွန်ပြည်နယ်လုံးဆိုင်ရာ လူငယ်များ တွေ့ဆုံပွဲ (ဓာတ်ပုံ - Mon State Youth Forum)[/caption]မြန်မာနိုင်ငံ ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၄ ခုက လူငယ်ကိုယ်စားလှယ်တွေဟာ လာမယ့် မတ်လ ၄ ရက်ကနေ ၆ ရက်နေ့ အထိ မော်လမြိုင်မြို့ မွန်ပြည်နယ်ခန်းမမှာ တွေ့ဆုံကြမှာဖြစ်ပါတယ်။
လူငယ်တွေဟာ လက်ရှိ တွေ့ကြုံနေရတဲ့ စိန်ခေါ်မှု၊ ပြဿနာအခက်အခဲတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ ရှာဖွေကြမယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်ဖိုရမ်ကျင်းပရေး တာဝန်ခံ ကိုမိုဃ်းသွေးက ခုလိုပြောပါတယ်။

“လက်ရှိဒီနေ့ခေတ် လူငယ်တွေ ကြုံတွေ့နေရတဲ့ စိမ်ခေါ်မှု၊ ပြဿနာ အခက်အခဲတွေကို ဆွေးနွေးပြီး ဘယ်လိုဖြေရှင်းမလဲဆိုတာကို ၀ိုင်းဝန်းအဖြေရှာကြမယ်။ အစိုးရဘက်ကလည်း ဘာတွေ ကူညီပံ့ပိုးပေးနိုင်မလဲဆိုတာတွေ ဆွေးနွေးပြီး တောင်းဆိုတာတွေရှိမယ်။ လူငယ်တွေရဲ့ ဘ၀ကို မြှင့်တင်ဖို့အတွက် လူငယ့်စွမ်းအားနဲ့ ပေါင်းပြီးတော့မှ ဘယ်လိုလုပ်မလဲ ဆိုတဲ့ လူငယ်လှုပ်ရှားမှု အက်ရှင်တွေ စီမံချက်တွေ အတူစုပြီး ရေးဆွဲဖို့ရှိပါတယ်။”

ဒီဖိုရမ်ကို ကျင်းပခြင်းအားဖြင့် ပြောင်းလဲစပြုနေတဲ့ ဒီခေတ်မှာ နိုင်ငံ့အရေး၊ လူမှုရေး၊ စီးပွားရေး အခန်းကဏ္ဍပေါင်းစုံမှာ လူငယ်တွေရဲ့ ပါဝင်မှုကို မြှင့်တင်ဖို့၊ လူငယ့် အခွင့်အရေးတွေ ရရှိဖို့ ရည်မှန်းထားတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဒီဖိုရမ် မတိုင်ခင် ပြည်နယ်နဲ့ တိုင်းဒေသအသီးသီးမှာ လူငယ်နဲ့ ပတ်သက်တဲ့ နိုင်ငံရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူ့အခွင့်အရေး၊ သယံဇာတ၊ မူးယစ်ဆေးဝါး၊ စီးပွားရေး၊ ယဉ်ကျေးမှု အစရှိတဲ့ ခေါင်းစဉ်တွေနဲ့ လူငယ်ဖိုရမ်တွေ အသီးသီးကျင်းပခဲ့ပြီး ဖြစ်ပါတယ်။

အဲဒီ ဖိုရမ်တွေကနေ ကိုယ့်ဒေသအလိုက် လူငယ်ကိုယ်စားလှယ် ၁၅ ဦးကနေ ၂၀ ဦးထိ ရွေးချယ်ထားပြီး နိုင်ငံလုံးဆိုင်ရာ ညီလာခံမှာ ဆက်လက်ဆွေးနွေးကြမှာလည်း ဖြစ်ပါတယ်။

ဖိုရမ်ဖွင့်ပွဲကို တက်ရောက်ဖို့ မွန်ပြည်နယ်ဝန်ကြီးချုပ်နဲ့တကွ အစိုးရအဖွဲ့ဝင်တွေ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီ ဒုဥက္ကဋ္ဌ ၀န်ကြီး ဦးအောင်မင်း၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေကိုလည်း ဖိတ်ကြားထားတယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်များဖိုရမ်ဖြစ်မြောက်ဖို့ ဗြိတိန်နိုင်ငံ လူမှုကူညီရေးအဖွဲ့ လက်အောက်ခံ အဖွဲ့တခုက အမေရိကန်ဒေါ်လာ ၅ သောင်း ထောက်ပံ့ကူညီထားတယ်လို့ ဖိုရမ်တာဝန်ရှိသူတဦးက ပြောပါတယ်။

ပထမဆုံးအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်ဖိုရမ်ကို ပြီးခဲ့တဲ့ ၂၀၁၂ ဒီဇင်ဘာလက ရန်ကုန်မှာ ကျင်းပခဲ့ပြီး ခုတကြိမ်မွန်ပြည်နယ်မှာ ကျင်းပတာပါ။ လာမယ့်နှစ်တွေမှာလည်း တနှစ်တကြိမ် ပြည်နယ်နဲ့တိုင်းအလိုက် အလှည့်ကျ ကျင်းပသွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013