DVB Logo
Home
မြန်မာသတင်း
ကံပွင့် ပလတ်စတစ်စက်ရုံကို ဖောက်ခွဲမီးရှို့သူ ၅ ဦးအား ရေစကြို PDF ဖမ်းဆီးစစ်ဆေးနေ
DVB
·
March 30, 2022
ကံပွင့် ပလတ်စတစ်စက်ရုံကို ဖောက်ခွဲမီးရှို့သူ ၅ ဦးအား ရေစကြို PDF ဖမ်းဆီးစစ်ဆေးနေ
1 / 3
Donate to DVB

မကွေးတိုင်း၊ ရေစကြိုမြို့က ကံပွင့် ပလတ်စတစ်စက်ရုံ ဖောက်ခွဲမီးရှို့ခဲ့သူ ၅ ယောက်ကို ရေစကြို PDF က မတ် ၃၀ ရက်နေ့မှာ ဖမ်းဆီးစစ်ဆေးနေတယ်လို့ ရေစကြို PDF က ပြောပါတယ်။

ရေစကြိုမြို့ ပေကုန်းတိုးချဲ့ရပ်ကွက်က ကံပွင့်ရဲ့ လုပ်ငန်းစုတခုဖြစ်တဲ့ ပလတ်စတစ်စက်ရုံကို မနေ့ မွန်းလွဲ ၂ နာရီလောက်မှာ လက်နက်ကိုင်အဖွဲ့တဖွဲ့က ကားနဲ့လာရောက်ပြီး ဖောက်ခွဲမီးရှို့ကာ မန်နေဂျာကိုပါ ဖမ်းဆီးသွားတာလို့ ရေစကြို PDF ခေါင်းဆောင် ရဲဘော်ဝေကြီးက ဒီဗွီဘီကို ပြောပါတယ်။

"ကံပွင့်စက်ရုံကို ဖောက်ခွဲမီးရှို့ခဲ့တာဟာ ရေစကြို PDF က မဟုတ်ဘဲ ရွာနီးချုပ်စပ်တွေမှာ ဓားပြတိုက်နေတဲ့ အဖွဲ့တဖွဲ့ဖြစ်တယ်။ အခု သူတို့ကို ဖမ်းမိထားပြီး စစ်ဆေးတာတွေ ပြုလုပ်နေတယ်။ ကျနော်တို့ PDF အဖွဲ့က လိုက်လံဖမ်းဆီးတော့ မီးရှို့ဖောက်ခွဲသွားတဲ့ ၅ ယောက်နဲ့ မန်နေဂျာကို ဖမ်းမိထားပြီဗျ။ ကနဦး စစ်ဆေးချက်တွေအရတော့ အဲဒီနားက ရွာနီးနားတွေမှာ ဓားပြတိုက်တဲ့ အမှုတွေ စစ်ဆေးပေါ်ပေါက်ထားတယ်။ အသေးစိတ် အချက်လက်တွေကိုတော့ နောက်ပိုင်းမှာ ထုတ်ပြန်ပေးသွားမယ်။"

ကံပွင့်စက်ရုံပိုင်ရှင်ဟာ စစ်ကောင်စီနဲ့ ပျူစောထီးတွေကို ထောက်ပံ့တာကြောင့် PDF အဖွဲ့က မီးရှို့ဖောက်ခွဲသွားတယ်လို့ သတင်းတွေ ပျံ့နှံနေပေမယ့် ရေစကြို PDF က သူတို့လက်ချက် လုံးဝမဟုတ်ဘဲ ကျူးလွန်တဲ့သူတွေကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013