DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်တွင်း အကြမ်းဖက်မှုများအပေါ် အမေရိကန်သမ္မတနှင့် စင်ကာပူဝန်ကြီးချုပ်တို့ အထူးစိုးရိမ်
DVB
·
March 30, 2022
မြန်မာပြည်တွင်း အကြမ်းဖက်မှုများအပေါ် အမေရိကန်သမ္မတနှင့် စင်ကာပူဝန်ကြီးချုပ်တို့ အထူးစိုးရိမ်
Donate to DVB

အကြမ်းဖက်စစ်အုပ်စုက မတရား အာဏာသိမ်းခဲ့မှုကြောင့် မြန်မာပြည်တွင်း ဆက်လက်ဖြစ်ပွားနေတဲ့ အတိဒုက္ခတွေနဲ့ အကြမ်းဖက်မှုတွေအပေါ် အထူးပင် စိုးရိမ်မိကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ စင်ကာပူဝန်ကြီးချုပ်တို့က အထူးစိုးရိမ်ကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။

သမ္မတဂျိုးဘိုင်ဒန်နဲ့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းတို့ မတ်လ ၂၉ ရက်က အမေရိကန်သမ္မတအိမ်ဖြူတော်မှာတွေ့ဆုံပြီးနောက် ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။

သမ္မတ ဂျိုးဘိုင်ဒင်က “မြန်မာပြည်သူတွေအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနဲ့ ဆယ်စုနှစ်တခုစာ ဒီမိုကရေစီနဲ့ စီးပွားရေး တိုးတက်ပြောင်းလဲလာမှုတွေကို ပြောင်းပြန်လန်စေခဲ့တဲ့ စစ်အာဏာသိမ်းမှုအပြီး မြန်မာနိုင်ငံမှာ ဆက်လက်ခံစားနေရတဲ့ အကြမ်းဖက်မှုတွေကြောင့် ကျနော်တို့ နှစ်ယောက်လုံး အလွန်စိုးရိမ်ပူပန်မိပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ပြန်လွှတ်ပေးဖို့လည်း နှစ်နိုင်ငံခေါင်းဆောင်တွေက တိုက်တွန်းပါတယ်။

ခေါင်းဆာင် နှစ်ယောက် တွေ့ဆုံရာမှာတော့ အမေရိကန်က အင်ဒို-ပစိဖိတ်ဒေသ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် စိုးရိမ်စရာ ကျယ်ပြန့်တဲ့ ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြပြီး အဲဒီထဲမှာ တရုတ်အပါအဝင် ဒေသတွင်းနိုင်ငံအားလုံး လွတ်လပ်ပွင့်လင်းတဲ့ဒေသ ဖြစ်မြောက်စေမယ့် အခြေခံမူတွေကို လိုက်နာဖို့ သေချာစေရေး ပါဝင်နေတယ်လို့ ဆိုပါတယ်။

စင်ကာပူနဲ့ အမေရိကန်နိုင်ငံတို့ကြား လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်နဲ့ တောင်တရုတ်ပင်လယ်ရှိ ရေကြောင်းကုန်သွယ်မှု စီးဆင်းမှုကို အတားအဆီးမရှိ ဆောင်ရွက်ဖို့လည်း ကတိပြုထားခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက် သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

နိုင်ငံတဝန်းမှာလည်း မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

ဒါ့အပြင် စစ်အာဏာသိမ်းကာလ ၁ နှစ်ကျော်အတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး စတဲ့ ကဏ္ဍတွေအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)ရဲ့ ထုတ်ပြန်ချက်အရ လက်ရှိအချိန်ထိ စစ်တပ်က အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူ ၁,၇၂၀ နီးပါးနဲ့ မတရား ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၃,၀၀၀ ကျော် ရှိခဲ့ပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013