DVB Logo
Home
မြန်မာသတင်း
ချင်းမျိုးနွယ်စုဝင် မတူဖိုရမ် ကျင်းပမည်
DVB
·
February 28, 2014
ချင်းမျိုးနွယ်စုဝင် မတူဖိုရမ် ကျင်းပမည်
Donate to DVB

ချင်းမျိုးနွယ်စုတစ်ခု ဖြစ်တဲ့ မတူလူမျိုးတွေရဲ့ ဖိုရမ်တခုကို လာမယ့်လပိုင်းအတွင်း ကျင်းပဖို့ ရှိနေ ပါတယ်။

ချင်းအမျိုးသားများ စည်းလုံးညီညွတ်မှု ပိုမိုအားကောင်းစေဖို့နဲ့ နိုင်ငံရေးပါဝင်မှု အားကောင်းစေရေး၊ မတူပြည်သူ ဖွံ့ဖြိုးတိုးတက်ရေးတွေအတွက် ရည်ရွယ်ပြီး လာမယ့် ဧပြီလ ၁၅ ရက်ကနေ ၁၇ ရက်နေ့အထိ ချင်းပြည်နယ် မတူပီမြို့မှာ ကျင်းပသွားမယ်လို့ ဖိုရမ်ကျင်းပရေး ကော်မတီဝင် ဆလိုင်း ဂျင်မီရီဇာဘွေးက ဒီဗွီဘီကို ပြောပါတယ်။

[caption id="attachment_52488" align="alignright" width="300"]မတူဖိုရမ် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် မတူဖိုရမ် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်[/caption]မြန်မာပြည် အနယ်နယ်အရပ်ရပ်မှာ ရောက်ရှိနေတဲ့ မတူမျိုးနွယ်စုကိုယ်စားလှယ်တွေ လာရောက် စုစည်းပြီး ငြိမ်းချမ်းရေးဖြစ်စဉ်၊ သဘာဝပတ်ဝန်းကျင်၊ ဓလေ့ထုံးတမ်း ဥပဒေ ဒေသန္တရအုပ်ချုပ်ရေး၊ ပညာရေး စတဲ့ အကြောင်းအရာတွေ ဆွေးနွေးပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆလိုင်း ဂျင်မီက ဆက်ပြောပါတယ်။

ဖိုရမ်မိတ်ဆက် သတင်းစာရှင်းလင်းပွဲကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးမှာ ကျင်းပခဲ့ပါတယ်။

မြန်မာနိုင်ငံထဲမှာ နေထိုင်တဲ့ ချင်းမျိုးနွယ်တွေမှာ မတူပီ၊ ဟားခါး၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ ပလက်ဝ၊ ချိုး(ခူမီး)၊ အရှို စတဲ့အဓိက မျိုးနွယ်ကြီး ၈ ခုရှိတယ်လို့ ချင်းအဖွဲ့အစည်းတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013