DVB Logo
Home
မြန်မာသတင်း
မြန်မာ့လူ့အခွင့်အရေးအခြေအနေ တိုးတက်ဟု အမေရိကန်ပြော
DVB
·
February 28, 2014
မြန်မာ့လူ့အခွင့်အရေးအခြေအနေ တိုးတက်ဟု အမေရိကန်ပြော
Donate to DVB

အစိုးရသစ်လက်ထက် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လျော့နည်းလာနေပြီး လူ့အခွင့်အရေးအခြေအနေဟာ တိုးတက်လာတယ်လို့ အမေရိကန် ပြည်ထောင်စုက အစီရင်ခံစာ ထုတ်ပြန် ပြောကြားလိုက်ပါတယ်။

[caption id="attachment_50437" align="alignright" width="300"]အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီ (ဓာတ်ပုံ - ရိုက်တာ) အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီ (ဓာတ်ပုံ - ရိုက်တာ)[/caption]အမေရိကန်နိုင်ငံခြားရေးဌာနက အမေရိကန်ကွန်ဂရက်လွှတ်တော်ကို ဖေဖော်ဝါရီ ၂၇ ရက်နေ့က တင်သွင်းတဲ့ ၂၀၁၃ ခုနှစ်အတွက် ကမ္ဘာ့နိုင်ငံတွေရဲ့ လူ့အခွင့်အရေး ကျင့်ထုံး မှတ်တမ်းအစီရင်ခံစာမှာ မြန်မာ့လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်ပြီးလည်း အသေးစိတ် ထည့်သွင်း ဖော်ပြထားတာ ဖြစ်ပါတယ်။

အထူးသဖြင့် မြန်မာနိုင်ငံက တိုင်းရင်းသားလူနည်းစုဒေသတွေမှာ တရားဥပဒေနဲ့ မူဝါဒါတွေကို ပြန်လည် သုံးသပ်လုပ်ဆောင်ရာမှာ အပြည့်အ၀ အကောင်အထည်မဖော်နိုင်ပေမယ့် ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာအစိုးရရဲ့ လူ့အခွင့်အရေးမှတ်တမ်းတွေ ဆက်လက် တိုးတက်လာနေတယ်လို့ ဖော်ပြထားတာပါ။

အစိုးရက စနစ်တကျ ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်တဲ့ နှိပ်စက် ညှဉ်းပန်းတာ၊ တိုင်းရင်းသားနယ်စပ်ဒေသတွေမှာ အရပ်သားတွေကို စစ်တပ်က ထောက်ပံ့ ပစ္စည်းတွေ အတင်းအကျပ်သယ်ခိုင်းတာတွေ လျော့နည်းလာတယ်လို့လည်း ဆိုပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကလည်း မြန်မာနိုင်ငံမှာ စိန်ခေါ်မှုတွေ ရှိနေပေမယ့် လူ့အခွင့်အရေး တိုးတက်လာဖို့ ဆက်လက် အားပေးသွားရမယ်လို့ ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

“ဒီမိုကရေစီမကျတဲ့ ဖွဲ့စည်းပုံ ပြင်ဆင် ပြောင်းလဲရေး၊ ခွဲခြားဆက်ဆံမှုတွေ၊ ဘာသာရေးနဲ့ တိုင်းရင်းသားလူနည်းစုတွေကို အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ မြန်မာနိုင်ငံဟာ ပုံမှန် စိန်ခေါ်မှုတွေနဲ့ ဆက်လက်ရင်ဆိုင်နေရပါတယ်။ ဒါပေမယ့် ရှိနေတဲ့ ပြဿနာတွေကို ကျနော်တို့ ပွင့်ပွင့်လင်းလင်း ပြောသလို တိုးတက်မှုတွေအတွက် ကျနော်တို့ မြန်မာကို ဆက် အားပေးရပါမယ်။”

ရခိုင်ပြည်နယ်မှာ ဆက်လက် ဖြစ်ပွားနေတဲ့ လူသားချင်းစာနာမှုနဲ့ လူ့အခွင့်အရေး ကိစ္စတွေကတော့ ခြွင်းချက်အနေနဲ့ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

မွတ်စလင်လူနည်းစုအပေါ် တိုက်ခိုက်မှုကလည်း တနိုင်ငံလုံးကို ပြန့်ပွားသွားတယ်လို့ ထောက်ပြထားပါတယ်။

တခြားနှစ်တွေနဲ့ မတူပဲ ဒီနှစ်မှာတော့ မတော်မတရား လုပ်ဆောင်တာကို ကျူးလွန်တဲ့သူ တွေကို အစိုးရက အရေးယူတယ်လို့လည်း ရေးသားထားပါတယ်။

ဒါ့ပြင် တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း လူကြီးနဲ့ ကလေးတွေကို အဓ္မမ ခိုင်းစေတာ ကလေးစစ်သား စုဆောင်းတာ၊ ပဋိပက္ခဖြစ်ပွားရာနေရာက အရပ်သားတွေကို ကာကွယ်ဖို့ ပျက်ကွက်တာ စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်းခဲ့ကြတယ်လို့လည်း အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

စာမျက်နှာ ၈၀ ကျော်ပါတဲ့ ဒီအစီရင်ခံစာမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေ အားလုံးကို အပိုင်း ၇ ပိုင်းခွဲပြီး သုံးသပ်တင်ပြထားတာဖြစ်ပြီး လူပုဂ္ဂိုလ် တဦးချင်းစီရဲ့ ဂုဏ်သိက္ခာကို လေးစားလိုက်နာမှု အခြေအနေကနေ လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ စုရုံးခွင့် အမျိုးသမီး၊ ကလေးသူငယ်နဲ့ အလုပ်သမား အခွင့်အရေးဆိုင်ရာ ကိစ္စတွေလည်း အသေးစိတ် ရေးသားဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013