DVB Logo
Home
မြန်မာသတင်း
ဖေဖော်ဝါရီ ၂၈ ရက် မိုးလေ၀သ ခန့်မှန်းချက် - ဒေါက်တာထွန်းလွင်
DVB
·
February 28, 2014
ဖေဖော်ဝါရီ ၂၈ ရက် မိုးလေ၀သ ခန့်မှန်းချက် - ဒေါက်တာထွန်းလွင်
Donate to DVB

ဖေဖော်ဝါရီ ၂၈ ရက်နေ့ မနက် ၇ နာရီ မိနစ် ၃၀ အချိန် ဖမ်းယူရရှိထားတဲ့ တိမ်ပုံအရ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ တိမ်ကင်းစင်း နေပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေမှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကျန်ဒေသတွေမှာ တိမ်ကင်းစင်နေပါတယ်။

2801မတ် ၁ ရက်နေ့အတွက် မြန်မာ့ပင်လယ်ပြင်အခြေအနေကတော့ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်သာ ရှိနိုင်ပြီး လှိုင်းအမြင့် ၁ ပေကနေ ၃ ပေလောက် မြင့်တက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မတ် ၁ ရက်နေ့အတွက် အပူရှိန်မြင့်တက်နိုင်မှုကတော့ မြန်မာနိုင်ငံအောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေ ဖြစ်တဲ့ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာ ပုံမှန် အပူရှိန်ထက် သိသိသာသာ မြင့်တက်နိုင်ပါတယ်။

ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းကတော့ ၉ ကနေ ၁၀ လောက်ထိ မြင့်တက်နိုင်ပါတယ်။
ခရမ်းလွန်ရောင်ခြည် အန္တရာယ်ကို သတိပြုကာကွယ်ကြဖို့ တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံ အထက်ပိုင်းဒေသတွေဖြစ်တဲ့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာ ပုံမှန်ထက် အနည်းငယ် ပိုနိုင်ပါတယ်။ ခရမ်း လွန်ရောင်ခြည် အညွှန်းကိန်းကတော့ ၇ မှ ၈ လောက် မြင့်တက်နိုင်ပါတယ်။

မတ် ၁ ရက်နေ့အတွက် နေအပူချိန် ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ် ဒေသတွေမှာ နေ့အပူချိန် ၁၇ ဒီဂရီစင်တီဂရိတ် ကနေ ၂၆ ဒီဂရီစင်တီဂရိတ်ခန့် ရှိနိုင်ပြီး ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ ၂၇ ဒီဂရီစင်တီဂရိတ် ကနေ ၃၃ ဒီဂရီစင်တီဂရိတ်ခန့် ရှိနိုင်ပါတယ်။

မတ် ၁ ရက်နေ့အတွက် မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ် မြောက်ပိုင်းမှာ မိုးတိမ်တောင် ဖြစ်ပေါ်နိုင်ဖို့ ၂၅ ရာခိုင်နှုန်းကနေ ၃၅ ရာခိုင်နှုန်းလောက် ရှိနိုင်ပြီး ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု မရှိနိုင်ဘူးလို့ ခန့်မှန်းထားပါတယ်။

မတ် ၁ ရက်နေ့အတွက် မိုးရွာသွန်းနိုင်မှု ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်မြောက်ပိုင်းမှာ မိုးရွာဖို့ ၄၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းလောက် ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ အများအားဖြင့် သာယာနိုင်ပါတယ်။

မတ် ၁ ရက်နေ့အတွက် မိုးရေချိန်ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ် မြောက်ပိုင်းနဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းစွန်းမှာ ၂၄ နာရီအတွင်း ၁ မီလီမီတာမှ ၂ မီလီမီတာလောက် ရွာသွန်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မြို့တော်ကြီးတွေ ခန့်မှန်းချက်ကတော့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ မနက် ၈ နာရီခွဲအချိန် ဖမ်းယူထားတဲ့တိမ်ပုံအရ နေပြည်တော်နဲ့ အနီးတ၀ိုက်မှာ တိမ်ကင်းစင်နေပါတယ်။

မတ် ၁ ရက်နေ့အတွက် နေပြည်တော်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၆ ဒီဂရီ စင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၁၇ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ အများအားဖြင့် သာယာနိုင်ပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့ မနက် ၈ နာရီခွဲအချိန် ဖမ်းယူထားတဲ့တိမ်ပုံအရ ရန်ကုန်နဲ့ အနီးတ၀ိုက်မှာ တိမ်ကင်းစင်နေပါတယ်။

မတ် ၁ ရက်နေ့အတွက် ရန်ကုန်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၆ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၀ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ အများအားဖြင့် သာယာနိုင်ပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့ မနက် ၈ နာရီခွဲအချိန် ဖမ်းယူထားတဲ့တိမ်ပုံအရ မန္တလေးနဲ့ အနီးတ၀ိုက်မှာ တိမ်အနည်းငယ်ဖြစ်ထွန်းနေပါတယ်။

မတ် ၁ ရက်နေ့အတွက် မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၆ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၁၈ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ အများအားဖြင့် သာယာနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013