DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီဩဇာခံကော်မတီနှင့် အန်စီအေအပစ်ရပ်အဖွဲ့အချို့ နေပြည်တော်တွင် တွေ့ဆုံ
DVB
·
March 28, 2022
စစ်ကောင်စီဩဇာခံကော်မတီနှင့်  အန်စီအေအပစ်ရပ်အဖွဲ့အချို့ နေပြည်တော်တွင် တွေ့ဆုံ
1 / 3
Donate to DVB

အန်စီအေ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့ အာဏာသိမ်းစစ်ကောင်စီဩဇာခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဆွေးနွေးရေးကော်မတီ(NSPNC)တို့ မတ်လ ၂၈ ရက် ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ 

အဲဒီတွေ့ဆုံပွဲကိုတက်ရောက်ခဲ့တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီးစိုင်းငင်းက ၂၀၂၁ ခု ဖေဖေါ်ဝါရီလက ဖြစ်ခဲ့တဲ့ နိုင်ငံရေးအပြောင်းအလဲတွေကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့  အန်စီအေစာချုပ် အကောင်အထည်ဖော်မယ့် လုပ်ငန်းတွေဆောင်ရွက်ဖို့ အခက်ခဲတွေကြုံတွေ့ခဲ့ရပြီး အခုတွေ့ဆုံမှုဟာ အနာဂတ်မှာကျင်းပမယ့် နိုင်ငံရေးဆွေးနွေးပွဲ ပုံစံအသစ်ရဲ့ အစပျိုးမှု စမှတ်ဖြစ်တယ်လို့ ယုံကြည်ကြောင်းပြောခဲ့ပါတယ်။

စစ်ကောင်စီဘက်က ကြိုတင်ကန့်သတ်ချက်မထားတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲပြုလုပ်နိုင်ဖို့ ဖိတ်ခေါ် ကမ်းလှမ်းချက်တွေနဲ့အတူ အန်စီအေပါ သဘောတူညီချက်တွေအတိုင်း ဖြစ်နိုင်သမျှ အလေး ထားလုပ်ဆောင်သွားမယ်လို့ ပြောကြားချက်တွေဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက်ရော ဖက်ဒရယ် တည်ဆောက်ရေးလုပ်ငန်းစဉ်အတွက်ပါ အရေးကြီးပြီး အပြုသဘောဆောင်တဲ့ ဖြေလျှော့မှုတွေ ဖြစ်တယ်လို့ လည်းဆိုပါတယ်။

အဲဒီတွေ့ဆုံပွဲကို ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင် ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) ကလွဲပြီး ကျန်အဖွဲ့တွေ အကုန်တက်ရောက်ခဲ့တယ်လို ပြောဆိုပေမယ့် ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ နှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များသည် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန၌ ယနေ့နံနက်ပိုင်းတွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို စစ်ကောင်စီဝင် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နဲ့ ကော်မတီအဖွဲ့ဝင်တွေတက်ရောက်တယ်လို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပါတယ်။

အန်စီအေအပစ်ရပ်အဖွဲ့တွေထဲက ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)မှ တွဲဖက်အထွေထွေ အတွင်းရေးမှူး ခိုင်အောင်စိုးသန်းနဲ့ ဗဟိုကော်မတီဝင် ခိုင်အောင်ဟိန်း၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(DKBA)မှ ဒုစစ်ဦးစီးချုပ် စောတာ့ခူးနဲ့ ဗဟို ဆက်ဆံရေးဌာနမှူး စောကျော်သန်းဌေး၊ (KNU/ KNLA-PC)မှ ဒုဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူးနဲ့ ဗဟိုကော်မတီဝင် စောအောင်ကောင်းရွှေ၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)မှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ခွန်မင်းသိန်းနဲ့ ဗဟိုကော်မတီဝင် ခွန်ဇွဲထိုရ်၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) အတွင်းရေးမှူး-၁ စဝ်စိုင်းငင်းနဲ့ ဗဟိုအလုပ်အမှု ဆောင် ကော်မတီဝင် စဝ်ဆောင်းဟန်တို့ တက်ရောက်ကြတယ်လို့လည်းဆိုပါတယ်။

Photo-MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013