Home
မြန်မာသတင်း
ရွှေပြည်သာမြို့နယ်၌ ဗုံး ၅ လုံးတွေ့ပြီး ၁ လုံးပေါက်ကွဲ
DVB
·
March 28, 2022
276203089_487947543114732_7211406276472462743_n

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊  အမှတ် ၁၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ  မတ်လ ၂၈ ရက် ဒီမနက် ၅ နာရီလောက်က လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့ ရပ်ကွက်နေ ဒေသခံတွေထံက သိရပါတယ်။

“မနက် အစောကြီးပေါက်ကွဲသံကြားတာပဲ၊ ဘယ်အဖွဲ့က လာထုသွားတယ်တော့ မသိဘူး။ လက်ပစ်ဗုံး ၅ လုံး ပစ်သွားတာ။ ၁ လုံးတော့ကွဲတယ်။ ၄ လုံးကတော့ စစ်ကောင်စီက သိမ်းသွားတယ်ကြားတယ်´ လို့ ဒေသခံက ပြောပါတယ်။

မနက်အစောကြီး ပေါက်ကွဲတာဖြစ်လို့ လူထိခိုက်မှုတော့ မကြားသိရသေးဘဲ ရပ်ကွက်ရုံးကိုတော့ စစ်ကောင်စီအဖွဲ့တွေက  အကာအရံတွေ ပြင်ဆင်ပေးသွားတယ်လို့ ဆိုပါတယ်။

ရွှေပြည်သာမှာ မတ် ၂၇ ရက် ညကလည်း  ၃ နေရာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ ရေချမ်းစင် မှတ်တိုင်နားက ဘီယာဆိုင် တစ်ဆိုင်မှာလည်း  ဗုံးပေါက်ကွဲခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024