DVB Logo
Home
မြန်မာသတင်း
ရန်ကုန်ဓာတ်ပုံပွဲတော် ပြင်သစ်ယဉ်ကျေးမှုဌာနတွင် ခင်းကျင်းပြသမည်
DVB
·
March 28, 2022
ရန်ကုန်ဓာတ်ပုံပွဲတော် ပြင်သစ်ယဉ်ကျေးမှုဌာနတွင် ခင်းကျင်းပြသမည်
Donate to DVB

ရန်ကုန်ဓာတ်ပုံပွဲတော်ကို လာမယ့် မတ် ၃၁ ရက်က စတင်ကာ ရန်ကုန်မြို့က ပြင်သစ်ယဉ်ကျေးမှုဌာနဝင်းအတွင်းမှာ အချိန် ၂ လကြာ ခင်းကျင်းပြသသွားမယ်လို့ ထုတ်ပြန်ပါတယ်။

၁၄ ကြိမ်မြောက် ကျင်းပမယ့် ဒီပွဲတော်ကို Durable Peace Program နဲ့ Trocaire တို့က ပွဲတော်မိတ်ဖက်တွေအဖြစ် ပူးပေါင်းပါဝင်ပြီး မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံရုံး၊ ဥရောပသမဂ္ဂနဲ့  ပြင်သစ်သံရုံးတို့က ပွဲတော် အစီအစဉ်တွေ ဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီပေးထားတာ ဖြစ်ပါတယ်။

အခုနှစ် ရန်ကုန်ဓာတ်ပုံပွဲတော်မှာတော့ ကချင်ပြည်နယ်မှာ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေကတဆင့် မြန်မာ အမျိုးသမီးတွေရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းအားကို ဖော်ညွှန်းထားတဲ့ ခင်းကျင်းပြသမှုတွေကို လာမယ့် မေ ၃၁ ရက် အထိ ကြည့်ရှုခံစားနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ရန်ကုန်ဓာတ်ပုံပွဲတော်ကိုတော့ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်မှုတွေ မစတင်ခင် ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလတုန်းက မဟာဗန္ဓုလပန်းခြံ၊ ရန်ကုန်ဘူတာကြီး၊ Rose Wood Hotel၊ Gothe Institut၊ ပြင်သစ်ယဉ်ကျေးမှုဌာန၊ မြန်မာဒိဌ၊ ဒလကူးတို့သင်္ဘော စတဲ့နေရာတွေမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ပွဲတော်မှာတော့ ကမ္ဘာတဝန်းမှာဖြစ်ပွား‌နေတဲ့ သဘာဝပတ်ဝန်းကျင် ယိုယွင်းမှု၊ ငြိမ်းချမ်းရေး တည်ဆောက်မှုနဲ့ လူမှုအသိုင်းအဝိုင်း ပြဿနာတွေကို ထပ်ဟပ်စေမယ့် ပြည်တွင်းနဲ့ ပြည်ပအထင်ကရ ဓာတ်ပုံပညာရှင်တွေရဲ့ ဓာတ်ပုံ ၂၀၀ ကျော်ကို မဟာဗန္ဓုလပန်းခြံမှာ ဖွင့်ပွဲအခမ်းအနား တစိတ်တပိုင်းအဖြစ် ပြသခဲ့တာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ကိုဗစ်-၁၉ ကပ်ဘေးအပြင် စစ်အာဏာသိမ်းမှုတွေနဲ့ ကြုံတွေ့နေရတာမို့ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ အနုပညာ ကဏ္ဍတွေအသီးသီး မှာ အဘက်ဘက်က ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုရဲ့ မလျော်ဩဇာအသုံးပြုပြီး နိုင်ငံတဝန်းက ဘာသာရေးအဆောက်အအုံတွေအပါအဝင် ပြည်သူ့အိုးအိမ်စည်းစိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေအပါအဝင် အနုပညာလက်ရာတွေ၊ ဖန်တီးမှုတွေ၊ အမွေအနှစ်တွေကိုပါ ဆက်တိုက် ဖျက်ဆီးမှုတွေ ကျူးလွန်နေတာတွေလည်း ရင်ဆိုင်နေရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် ၂ ပတ်ကျော်လောက်ကလည်း ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းခုံးတံတားအောက်ဘက်မှာ ရေးဆွဲထားတဲ့ နံရံဆေးရေး ဂရပ်ဖစ်တီပန်းချီတွေကို စစ်ကောင်စီက ဖျက်ဆီးခဲ့ပြီး ဒီအ ပေါ် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးက ရှုတ်ချခဲ့ပါတယ်။

အဆိုပါ အနုပညာလက်ရာတွေဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က ကျင်းပခဲ့တဲ့ ရန်ကုန်မြို့ မင်္ဂလာပါ ယဉ်ကျေးမှုပွဲတော် အစီအစဉ်တစိတ်တပိုင်းအဖြစ် ရေးဆွဲခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းမှာ စစ်ကောင်စီ လက်ပါးစေတွေက အဆိုပါ ဂရပ်ဖစ်တီပန်းချီပေါ်ကနေ ဆေးအဖြူတွေသုတ်ပြီး ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013