DVB Logo
Home
Lead Story
အကြီးဆုံး တရုတ် ဆိုင်ကယ် ပြပွဲ ရောင်းပွဲ ကျင်းပမည်
DVB
·
February 28, 2014
အကြီးဆုံး တရုတ် ဆိုင်ကယ် ပြပွဲ ရောင်းပွဲ ကျင်းပမည်
Donate to DVB

လာမယ့် မတ် ၄ ရက်နေ့ကျရင် မြန်မာနိုင်ငံမှာ အကြီးကျယ်ဆုံးဖြစ်မယ့် တရုတ် ဆိုင်ကယ် ပြပွဲကြီးတခု မန္တလေးမှာ ကျင်းပမယ်လို့ ပွဲစီစဉ်ကျင်းပမယ့်သူတွေက ဖေဖော်ဝါရီ ၂၆ ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။

[caption id="attachment_52457" align="alignright" width="300"]ကာတာ နိုင်ငံမှာ ပြုလုပ်တဲ့ တရုတ်နိုင်ငံလုပ် မော်တော်ဆိုင်ကယ် ပြပွဲ... (ဓာတ်ပုံ - ရိုက်တာ) ကာတာ နိုင်ငံမှာ ပြုလုပ်တဲ့ တရုတ်နိုင်ငံလုပ် မော်တော်ဆိုင်ကယ် ပြပွဲ... (ဓာတ်ပုံ - ရိုက်တာ)[/caption]အဲဒီ ပြပွဲမှာ တရုတ်နိုင်ငံက ဆိုင်ကယ် ထုတ်လုပ်တဲ့ ကုမ္ပဏီပေါင်း ၂၀ ကျော်ရဲ့ ဆိုင်ကယ် အမျိုးအစားပေါင်း ၁၀၀ ကျော် ပြသမယ့်အပြင် တပြိုင်နက်တည်း ရောင်းချပေးသွားမယ်လို့ ဆိုကြောင်း မန္တလေးမြို့ခံ ဆိုင်ကယ်ဝယ်ရောင်း ဦးဝင်းဇော်တိုးက ပြောပါတယ်။

လက်ရှိ အချိန်ဟာ မန္တလေးနဲ့ မြန်မာနိုင်ငံ တ၀ှမ်းမှာ လိုင်စင်မဲ့ ဆိုင်ကယ်တွေကို အစိုးရက မှတ်ပုံတင် လုပ်ပေးနေတာကြောင့် ကိုယ်ဝယ်သွားတဲ့ ဆိုင်ကယ်တွေကို ကညနရုံးမှာ သွားပြီး မှတ်ပုံတင်နိုင်မယ်လို့ ဆိုပါတယ်။

အစိုးရဟာ ၁၉၉၉ ကနေ ၂၀၁၃ နှစ်ကုန်အထိ လိုင်စင်မဲ့ဆိုင်ကယ် ၃ သန်းကျော် မှတ်ပုံတင် လုပ်ပေးခဲ့ပြီး အများစုဟာ တရုတ်နိုင်ငံလုပ်တွေ ဖြစ်ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013