DVB Logo
Home
Lead Story
ကျပ် ၅၀ ဖြင့် ဖြန့်မည့် သတင်းစာ လာမည်
DVB
·
February 28, 2014
ကျပ် ၅၀ ဖြင့် ဖြန့်မည့် သတင်းစာ လာမည်
Donate to DVB

ဘဏ်ချေးငွေ ကျပ် သိန်းပေါင်း ၁ သောင်းရယူပြီး ရင်းနှီးမြှုပ်နှံလုပ်ကိုင်မယ့် ဒီမိုကရေစီ တူဒေးသတင်းစာကို လာမယ့် မတ် ၁ ရက်နေ့ကစပြီး ထုတ်ဝေတော့မယ်လို့ မြန်မာနယူးနက်ဝပ်ခ် (အမ်အန်အန်) အမှုဆောင်အရာရှိချုပ် ဦးကိုကို(စက်မှု) က ပြောပါတယ်။

News Paper and Journalဖေဖော်ဝါရီ ၂၇ ရက်နေ့က ရန်ကုန် မြရိပ်ညိုဟိုတယ်မှာ လုပ်တဲ့ သတင်းစာ စတင် ထုတ်ဝေခြင်း မိတ်ဆက်အခမ်းအနားမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

သတင်းစာကို ၃၂ မျက်နှာ ထုတ်ဝေမှာ ဖြစ်ပြီး သာမန်ပြည်သူတွေ ဖတ်နိုင်အောင် ဖြန့်ဈေး တစောင် ကျပ် ၅၀၊ ရောင်းဈေး ၁ စောင် ကျပ် ၁၀၀ သတ်မှတ်သွားမယ်လို့ သူက ရှင်းပြပါတယ်။

ဒါ့အပြင် သတင်းစာရောင်းရငွေထဲက ၁ စောင် ၁၀ ကျပ်စီကို လူမှုရေးလုပ်ငန်းတွေမှာ အသုံးပြုသွားမယ်လို့လည်း ကတိပြုပါတယ်။

လက်ရှိ နိုင်ငံပိုင် သတင်းစာနှုန်းထားဟာ ကိုယ်စားလှယ် ကျပ် ၅၀၊ လက်လီ ၁ စောင် ၁၀၀ ဖြစ်ပါတယ်။

ပုဂ္ဂလိကသတင်းစာတွေကတော့ ကျပ် ၁၀၀ ကနေ ၂၅၀ အကြား ရောင်းချနေပြီး အလဲဗင်း သတင်းစာကတော့ စောင်ရေ အများဆုံးဖြစ်တယ်လို့ ဈေးကွက်အတွင်းက စုံစမ်းသိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013