မန်စီးတီးအသင်းရဲ့ ကွင်းလယ်လူ အဲလီးယော့တ် အန်ဒါဆန်ဟာ ကိုဗင်ထရီအသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးသွားပြီး နည်းပြ ၂ ယောက်စလုံးရဲ့ ချီးကျူးခံခဲ့ရပါတယ်။။
ပေါင် ၁၁၆ သန်းနဲ့ နော်တင်ဟမ်ဖောရက်စ်ကနေ ပြောင်းရွှေ့လာခဲ့တဲ့ အသက် ၂၃ နှစ်အရွယ် အင်္ဂလန် လက်ရွေးစင်ဟာ မန်စီးတီး ကွင်းလယ်မှာ အဓိက ဒေါက်တိုင် ဖြစ်လာနေတာပါ။
ဒီပွဲမှာ အန်ဒါဆန်ဟာ ဘောလုံးပေးပို့မှု ၁၄၃ ကြိမ်အထိ အောင်မြင်ခဲ့ပြီး ဒါဟာ ကိုဗင်ထရီ တသင်းလုံးရဲ့ ဘောလုံးပေးပို့မှုထက်ပင် ပိုမိုများပြားခဲ့ပါတယ်။
နည်းပြ မာရက်စကာနဲ့ တဖက်အသင်း နည်းပြ ဖရန့်ခ်လမ်းပတ် တို့ ၂ ယောက်စလုံးက အန်ဒါဆန် ရဲ့ ပါးနပ်မှုနဲ့ တိုးတက်လိုစိတ် အပြည့်ရှိတဲ့ ခြေစွမ်းကို ပွဲအပြီးမှာ ချီးကျူးသွားခဲ့ကြပါတယ်။











