DVB Logo
Home
မြန်မာသတင်း
ပြည်ပကို ငါးတင်ပို့မှု ကျဆင်းနေ
DVB
·
February 28, 2014
ပြည်ပကို  ငါးတင်ပို့မှု ကျဆင်းနေ
Donate to DVB

ရေချိုငါး မွေးမြူရေးလုပ်ငန်းရှင်တွေရဲ့ ထည့်ဝင်ရင်းနှီးငွေ လျော့နည်းမှုကြောင့် မွေးမြူရေး ငါးထွက်ရှိမှုဟာ လျော့ကျမှုရှိတဲ့အပြင် ပင်လယ်ပြင် ဖမ်းဆီးရရှိမှုပမာဏလည်း ရာသီဥတု ကြောင့် ငါးရရှိမှု လျော့နည်းတဲ့အတွက် ပြည်ပတင်ပို့မှုက အခု ဘဏ္ဍာရေးနှစ်မှာ အမေရိ ကန်ဒေါ်လာ သန်း ၁၀၀ ကျော်ဖိုး ကျဆင်းဖို့ ရှိကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

[caption id="attachment_52433" align="alignright" width="300"]ဓာတ်ပုံ - ကျော်ကျော်သက် ဖေ့ဘုတ် ဓာတ်ပုံ - ကျော်ကျော်သက် ဖေ့ဘုတ်[/caption]မြန်မာ့ရေထွက်ကုန် ပြည်ပတင်ပို့မှုကနေ ပြီးခဲ့တဲ့ဘဏ္ဍာရေးနှစ်က အမေရိကန်ဒေါ်လာ ၆၅၂ သန်း ရရှိခဲ့ပေမယ့် အခု ဘဏ္ဍာရေးနှစ်မှာတော့ နိုင်ငံခြားဝင်ငွေရရှိမှုက အမေရိကန်ဒေါ်လာ ၅၅၀ သန်းကျော်သာ အများဆုံး ရှာဖွေပေးနိုင်မယ့် အခြေအနေမှာ ရှိနေတယ်လို့ မြန်မာနိုင်ငံငါး လုပ်ငန်းအဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူး ဦးဝင်းကြိုင်က ဒီဗွီဘီကို ပြောပါတယ်။

ပြည်တွင်းမှာ ရေချိုမွေးမြူရေးငါး ထုတ်လုပ်တဲ့ပမာဏက ပြီးခဲ့တဲ့နှစ်တွေမှာ ၁ နှစ်ကို တန်ချိန် ၄ သိန်းနဲ့ ၄ သိန်းခွဲ ထုတ်လုပ်နိုင်ခဲ့ပြီး ဒီနှစ်မှာတော့ လျော့ကျမှု ပမာဏ အတိအကျကို တော့ မသိရသေးပါဘူး။

မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးနှင်းဦးက ရေချိုမွေးမြူရေးငါး ထုတ်လုပ်မှု ကျဆင်းခဲ့ရတဲ့အကြောင်းက မူဝါဒပိုင်းဆိုင်ရာ ချမှတ်ပေးခဲ့တဲ့ မဟာဗျူဟာ မှားယွင်းမှုကြောင့်နဲ့ လည်း သက်ဆိုင်တယ်လို့ ပြောပါတယ်။

ငါးထုတ်လုပ်မှု ကျဆင်းတဲ့အတွက် ပြည်တွင်းစားသုံးမှုဈေးကွက်မှာ ငါးဈေးနှုန်းက အရင်ထက် ထက်ဝက်နီးပါး မြင့်တက်မှု ရှိခဲ့ပြီး အိတ်စပို့စ်ဈေးကွက်မှာလည်း ငါးနဲ့ ပုစွန်ဈေးနှုန်းတွေက ဈေးကောင်းရရှိတယ်လို့ ငါးလုပ်ငန်းအဖွဲ့ချုပ်အတွင်းရေးမှူးက ပြောပါတယ်။
အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013