DVB Logo
Home
မြန်မာသတင်း
စစ်တပ် အကြမ်းဖက်ပစ်သတ်မှုကြောင့် ကျဆုံးပြည်သူ ၁၇၀၇ ဦး၊ ဖမ်းဆီးခံရသူ ၁၂၉၇၀ ဦးထိ ရှိ လာ
DVB
·
March 26, 2022
စစ်တပ် အကြမ်းဖက်ပစ်သတ်မှုကြောင့် ကျဆုံးပြည်သူ ၁၇၀၇ ဦး၊ ဖမ်းဆီးခံရသူ ၁၂၉၇၀ ဦးထိ ရှိ လာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ကျော်ကာလ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁,၇၀၇ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၂,၉၇၀ ယောက် ထိ ရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ မတ် ၂၅ ရက်အထိ အေအေပီပီက ကောက်ယူ မှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၉,၉၃၀ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၈၇၃ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက် အပါအဝင် ၅၂ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁,၉၇၄ ယောက်ထဲက မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ယောက် အပါအဝင် ၁၁၈ ယောက်ကတော့ မျက်ကွယ် ပြစ်ဒဏ်ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၉၁ ယောက် ရှိပြီဖြစ်ပါတယ်။

နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ် အခြေခံပညာ ကျောင်းသားများသမဂ္ဂ (အကသ) ဥက္ကဋ္ဌဖြစ်သူ အသက် ၁၅ နှစ်အရွယ် ကိုထွန်းအောင်ကျော်ကို မတ် ၂၁ ရက်က ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ကြောင်း သိရှိရပါတယ်။ ကိုထွန်းအောင်ကျော်ဟာ နဝမတန်း ကျောင်းသားတယောက်ဖြစ်ပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာ ၃ ရက်မှာ ဖမ်းဆီးခံခဲ့ရကာ ၆ လကျော်အကြာ ထောင်ဒဏ်ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒါ့အပြင် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တရားရုံးက ကယားပြည်နယ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ၂ ယောက်ဖြစ်တဲ့ ကိုသက်မှူးအောင်နဲ့ ကိုကလဲမင်းမင်းဦးတို့ကို ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) နဲ့ မတ် ၂၂ ရက်ပ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ကြောင်း သိရှိရပါတယ်။ ကိုသက်မှူးအောင်နဲ့ ကိုကလဲမင်းမင်းဦးတို့ဟာ ၂၀၂၁ ခုနှစ် ဇွန် ၁၂ ရက်က စစ်ဘေးရှောင်ပြည်သူတွေအတွက် ပေးပို့လာတဲ့ ပစ္စည်းတွေကို ကားဂိတ် မှာ သွားရောက်ထုတ်ယူချိန် ဖမ်းဆီးခံခဲ့ရပြီး ၉ လအကြာမှာ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013