DVB Logo
Home
Lead Story
အမျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေး ကြိုးပမ်းရန် သင့် မသင့် (သဘောထားအမြင်)
DVB
·
February 27, 2014
အမျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေး ကြိုးပမ်းရန် သင့် မသင့် (သဘောထားအမြင်)
1 / 5
Donate to DVB

သမ္မတ ဦးသိန်းစိန်က လွှတ်တော်ဆီ ပေးပို့လာတဲ့ အမျိုးဘာသာ သာသနာ ထိန်းသိမ်းဖို့ ပြဋ္ဌာန်းသင့်တဲ့ ဥပဒေ ၄ ခုကို လွှတ်တော်က သက်ဆိုင်ရာ ၀န်ကြီးဌာနတွေအနေနဲ့ ဥပဒေကြမ်း ရေးဆွဲတင်ပြသင့်တယ်လို့ အကြောင်းပြန်လိုက်ပါတယ်။

သမ္မတက အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က တိုက်တွန်း တင်ပြ လာလို့ လွှတ်တော်ဆီ စာပို့ခဲ့တာဖြစ်ပြီး သမ္မတ စာပို့အပြီး ရက်ပိုင်းအတွင်းမှာပဲ လွှတ်တော်က အကြောင်းပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

အမျိုးဘာသာသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လကတည်းက ဒီဥပဒေ ၄ ခု ပြဋ္ဌာန်းပေးဖို့ သမ္မတထံ တိုက်တွန်း တောင်းဆိုခဲ့တာ ဖြစ်ပြီး သမ္မတက အခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်က လွှတ်တော်ထံ စာပို့အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။

လွှတ်တော်သက်တမ်း ၃ နှစ်ကျော်ကာလအတွင်း သမ္မတဆီက လွှတ်တော်ထံ အခုလို ဥပဒေပြဋ္ဌာန်းဖို့ စာပို့ခဲ့ဖူးတာ မရှိဘဲ ဒီတကြိမ်ဟာ ပထမဆုံး ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

သမ္မတပြောခွင့်ရ ဦးရဲထွဋ်ကတော့ သမ္မတက ဥပဒေ ပြဋ္ဌာန်းပေးဖို့ တောင်းဆိုတာ မဟုတ်ဘူး၊ ပြဋ္ဌာန်းဖို့ သင့် မသင့် လွှတ်တော်ကိုယ်စားလှယ်တွေက စဉ်းစားသုံးသပ်ရမှာ ဖြစ်တယ်လို့ မဇ္ဈိမသတင်းစာကို ပြောတာ ဖတ်လိုက်ရပါတယ်။

လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ အေးချမ်းရေးကော်မတီ အတွင်းရေးမှူးလည်းဖြစ်၊ ဥပဒေပညာရှင်တဦးလည်းဖြစ်တဲ့ ဦးဝင်းမြင့်က ၁၉၅၄ ခုနှစ် မြန်မာအမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်း အထူးဥပဒေဟာ ပြည့်စုံ လုံလောက်တယ်၊ အခုက အစိုးရကိုယ်တိုင် ဒီဥပဒေတွေ ပြဋ္ဌာန်းဖို့ လိုလိုချင်ချင် ရှိပုံပဲလို့ ပြောပါတယ်။

[caption id="attachment_52420" align="alignleft" width="150"]လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ အေးချမ်းရေးကော်မတီ အတွင်းရေးမှူး၊ ဥပဒေပညာရှင် ဦးဝင်းမြင့် လွှတ်တော် တရားဥပဒေ စိုးမိုးရေးနဲ့ အေးချမ်းရေး ကော်မတီ အတွင်းရေးမှူး၊ ဥပဒေပညာရှင် ဦးဝင်းမြင့်[/caption]

“သမ္မတက ဒီ ၄ ခုကို သ၀ဏ်လွှာပေးတယ်ဆိုတာက ခါတိုင်း မပေးဖူးဘူးဗျာ။ ဘယ်ဥပဒေပြုစုပါဆိုတာ အခြား သ၀ဏ်လွှာတွေသာ ပေးတာ။ အခု ဒီ ၄ ခုကို သ၀ဏ်လွှာပေးပြီးတော့ လွှတ်တော်က ဥပဒေပြဋ္ဌာန်းဖို့ သ၀ဏ်လွှာပို့တယ်ဆိုကတည်းကိုက အစိုးရဘက်က လိုလားမှုတော့ ရှိတာပေါ့။”

ဒီဥပဒေတွေ ပြဋ္ဌာန်းဖို့ လုပ်လာတာတွေကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ထိခိုက်လာနိုင်လို့ စိုးရိမ်မိကြောင်းလည်း ပြောပါတယ်။

ဘာသာပေါင်းစုံချစ်ကြည်ရေးအသင်း (မြန်မာ) ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်ကလည်း အလားတူ မှတ်ချက်ပေး ပြောပါတယ်။

[caption id="attachment_52421" align="alignright" width="150"]u sein win aung ဘာသာပေါင်းစုံချစ်ကြည်ရေးအသင်း (မြန်မာ) ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်[/caption]

“အမျိုးသားပြန်လည် သင့်မြတ်ရေးပေါ့နော်။ ဒီဟာလေးကို ပထမဦးဆုံး ပြန်လည်တည်ဆောက် ပြီးတော့မှ ဒါတွေကတော့ တဖြည်းဖြည်းနဲ့လုပ်သင့်တယ်လို့ ယူဆပါတယ်။ အခုအချိန်ကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းစည်းလုံးရေးကို လုပ်ရမယ့် အချိန်ဖြစ်ပါတယ်။”

ဒီဥပဒေကြမ်းတွေဟာ အမျိုးသမီးအခွင့်အရေးတွေကို ထိခိုက်နေတယ်လို့ Rainfall အမျိုးသမီးအဖွဲ့ ပူးတွဲတည်ထောင်သူ ဒေါ်ဇင်မာအောင်က သုံးသပ်ပါတယ်။

[caption id="attachment_52422" align="alignleft" width="150"]Zin Mar Aung Rainfall အမျိုးသမီးအဖွဲ့ ပူးတွဲတည်ထောင်သူ ဒေါ်ဇင်မာအောင်[/caption]

“အဲဒါ ဥပဒေ ပြဋ္ဌာန်းဖို့ မလိုဘူး။ တကယ်ကို မလိုတဲ့ဟာကို ဥပဒေ ပြဋ္ဌာန်းမယ်ဆိုရင် ချိုးဖောက်ရာ ရောက်တာပေါ့။ ဘယ်အမျိုးသမီးမှ တလင်တမယား မနေချင်တဲ့သူ မရှိဘူး။ အဲဒီကိစ္စက ဥပဒေပြဋ္ဌာန်းလောက်အောင်လည်း မလိုအပ်ဘူး။ ဒါလူ့အခွင့်အရေးကို ချိုးဖောက်တာလို့ ကျမတို့ ယူဆပါတယ်။”

မန္တလေးက စာရေးဆရာ၊ သတင်းစာဆရာ ကျော်ရင်မြင့်ကတော့ တိုင်းပြည်သွားနေတဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်က သွေဖည်သွားအောင် လုပ်တာလားလို့ မေးခွန်းထုတ်ပါတယ်။

[caption id="attachment_52423" align="alignright" width="150"]kyaw yin myint စာရေးဆရာ၊ သတင်းစာဆရာ ကျော်ရင်မြင့်[/caption]

“မြန်မာအမျိုးသမီးများ လက်ထပ်ထိမ်းမြားမှုနဲ့ ပတ်သက်ပြီးတော့မှ ပြဋ္ဌာန်းခဲ့ပြီးသား ဥပဒေတွေဟာ မြန်မာလူမျိုး ဗုဒ္ဓဘာသာ အမျိုးသမီးများကို ထိန်းသိမ်းဖို့အတွက် ဥပဒေ ပြဋ္ဌာန်းပြီးသားတွေနဲ့ လုံလောက်နေပြီ ထင်တယ်။ အခုအချိန်မှာ အဲဒီဥပဒေမျိုး ထပ်ပြီး ပြဋ္ဌာန်းဖို့ မလိုအပ်သေးဘူး။ တကယ်လို့ ဒီလို အတင်းအကျပ် ဒီဟာကို ရှေ့တန်းတင်လာတာဟာ တိုင်းပြည်ကို မငြိမ်မသက်နဲ့ ဒီမိုကရေစီ လမ်းကြောင်းက သွေဖည်ထိခိုက်နိုင်တဲ့ အနေအထားမျိုး ရှိတာမို့ အခုအချိန်မျိုးမှာတော့ ဆင်ခြင်သင့်တယ်လို့ ကျနော်ကတော့ မြင်ပါတယ်ခင်ဗျ။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013