DVB Logo
Home
မြန်မာသတင်း
ကရင်နီစစ်ရှောင်များအတွက် အရေးပေါ်ရန်ပုံငွေ လိုအပ်
DVB
·
March 25, 2022
ကရင်နီစစ်ရှောင်များအတွက် အရေးပေါ်ရန်ပုံငွေ လိုအပ်
1 / 2
Donate to DVB

ကရင်နီပြည်တွင်း အခြေအနေတွေ နေ့စဉ်နဲ့အမျှ ပိုမိုဆိုးဝါးလာပြီး နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း လျစ်လျူရှုထားတဲ့အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ အများအပြား လိုအပ်နေတယ်လို့ ကရင်နီလူသားချင်းစာနာမှုအဖွဲ့ (KHT) က ထုတ်ပြန်ပါတယ်။

ကရင်နီလူသားချင်းစာနာမှုအဖွဲ့အနေနဲ့ စားနပ်ရိက္ခာ၊ အမိုးအကာ၊ ဆေးဝါး၊ ကျောင်းသုံးပစ္စည်းတွေနဲ့ ဆေးဝါး ကုသရေးပစ္စည်းတွေကို ပံ့ပိုးနေတဲ့အပြင် ရေရရှိရေး အလှမ်းဝေးတဲ့ စစ်ဘေးရှောင်စခန်းတွေနဲ့ ကျေးရွာတွေကို ရေရရှိနိုင်ရေး ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်ရှောင်အများစု သွားရောက်ခိုလှုံနေတဲ့ ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်တွေမှာ ရေအရမ်း ရှားပါးနေပြီး သောက်သုံးရေရရှိရေး အန္တရာယ်ကြားကနေ ၃ နာရီကနေ ၅ နာရီ ကြာမြင့်တဲ့ ခရီး ရေသွားခပ်နေရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။

စစ်ရှောင်စခန်းအများစုဟာ ရေရရှိနိုင်တဲ့နေရာနဲ့ အတော်အလှမ်းဝေးနေပြီး မမြင်နိုင်တဲ့ အန္တရာယ်တွေအကြား ပုံမှန်အားဖြင့် အသွားအပြန် ၃ နာရီကနေ  ၅ နာရီခန့်ကြာမြင့်တဲ့ခရီးကို ရေသွားခပ်နေရတဲ့ စစ်ရှောင်တွေအတွက် လွန်စွာအန္တရာယ်များနေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် ကရင်နီလူသားချင်းစာနာမှုအဖွဲ့အနေနဲ့ ဒီနွေရာသီကာလ ရေပေးဝေရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၃,၀၀၀ ကနေ ၅,၀၀၀ အကြား ရန်ပုံငွေလိုအပ်နေကြောင်းနဲ့ ဒီရန်ပုံငွေကို လူအများသောက်သုံးရေနဲ့ ချက်ပြုတ်ရနရေ၊ ရေချိုးဖို့ရေအတွက် အသုံးပြုသွားဖို့ ဖြစ်တယ်လို့လည်း ထုတ်ပြန်ပါတယ်။

ကရင်နီ (ကယား) ပြည်နယ် ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်တွေမှာ နှစ်စဉ် ရေရှားပါးမှုနဲ့ကြုံတွေ့ခဲ့ရပြီး ဖေဖော်ဝါရီလကလည်း သောက်သုံးရေတွေ ခန်းခြောက်ပြီး ဒေသခံတွေ ရေရှားပါးမှုနဲ့ ကြုံတွေ့ခဲ့ရ ပါတယ်။

အခုနှစ်မှာတော့ သောင်းနဲ့ချီတဲ့စစ်ရှောင်တွေဟာ အဆိုပါ ရေအခက်အခဲရှိတဲ့  ဒီးမော့ဆိုအနောက်ဘက်ခြမ်းနဲ့ ဖရူမြို့နယ်ဘက် တိမ်းရှောင်နေရတဲ့အတွက် ပိုဆိုးနေတဲ့အနေအထား ဖြစ်ပါတယ်။ စစ်ရှောင်တွေအနေနဲ့ ၁၀ မိုင်၊ ၁၅ မိုင်ခန့်ဝေးတဲ့ နေရာတွေမှာ ရေခပ်ရတဲ့ အနေအထားဖြစ်နေတာလို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013