DVB Logo
Home
မြန်မာသတင်း
မုံးကိုးစစ်ဘေးရှောင်များ စားနပ်ရိက္ခာ အခက်အခဲနှင့် ရင်ဆိုင်နေရ
DVB
·
March 25, 2022
မုံးကိုးစစ်ဘေးရှောင်များ စားနပ်ရိက္ခာ  အခက်အခဲနှင့် ရင်ဆိုင်နေရ
1 / 3
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော် MNDAA တို့ကြား ပြီးခဲ့တဲ့နှစ် ဩဂုတ်လကတည်းကတိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာကြောင့် ခရစ်ယာန် ဘုရားကျောင်းနဲ့ ယာယီစစ်ရှောင်စခန်းတွေမှာ စစ်ဘေးရှောင်နေကြတဲ့ ဒေသခံပြည်သူ ၇၀၀ ကျော် စားနပ်ရိက္ခာ ပြတ်လပ်နေပါတယ်။

ဆန်နဲ့ စားသောက်ကုန်တွေ သယ်ယူပို့ဆောင်တဲ့နေရာမှာ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေက တားမြစ်ပိတ်ပင်နေတာကြောင့် ပို့ဆောင်ရတာ အရမ်းအခက်အခဲ ဖြစ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတစ်ဦးက ဒီဗွီဘီကိုပြောပါတယ်။

“ဆန်၀ယ်စားစရာ ရန်ပုံငွေ ဆိုပြီး သီးသန့်မရှိတဲ့အတွက် မုံးကိုးမြို့ထဲကနေ ဆန်မ၀ယ်ကြပါဘူး။ လူမှုကူညီရေးအသင်းအဖွဲ့တွေကိုပဲ အကူညီတောင်းပြီးဖြေရှင်းနေရတယ်။ တဖြေးဖြေးနဲ့ ကြာလာတော့ အလှူရှင်တွေ နည်းလာကြလို့ ကလေးတွေကို အရင်က ပုံမှန် တစ်နေ့ကို ထမင်း ၃ ကြိမ်ကျွေးရာ ကနေ အခု  မနက်တစ်ကြိမ် ညနေ တစ်ကြိမ်ပဲ ကျွေးနိုင်တော့တယ်” လို့ ပြောပါတယ်။

အရင်က စစ်ဘေးရှောင် ဦးရေ ၅၀၀ ဝန်းကျင်ပဲရှိပေမဲ့ လက်ရှိမှာ လူဦးရေ ၇၀၀ ကျော်အထိတိုးလာတာဖြစ်ပါတယ်။

လူဦးရေထပ်တိုးလာရတာက ကိုးကန့်တပ်မတော် MNDAA က ရွာတွေမှာ စစ်သားသစ် စုဆောင်းဖို့ ခေါ်ယူနေတာရယ် ၊ စစ်တပ်နဲ့တွေ့ရင် ပေါ်တာဆွဲခံရတာကြောင့် စစ်ရှောင်စခန်းတွေကို လာရောက် တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေထံက ပြောပါတယ်။ 

မုံးကိုးမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ အသက်မပြည့်မပြည့်သေးတဲ့ ယောကျာ်းလေးတွေအပါအဝင် လူကြီးလူငယ်မရွေး ကိုးကန့်တပ်မတော် MNDAA က တပ်သားသစ်တွေစုဆောင်းနေသလို စစ်တပ်နဲ့ တွေ့ရင်လဲ ပေါ်တာ ဆွဲခံရမှာ စိုးရိမ်နေကြရတယ်လို့ သိရပါတယ်။

ဒုက္ခသည်တွေကို ကူညီပေးဖို့ရာမှာလည်း တရုတ်ကုန်သွယ်ရေးဂိတ်တွေပိတ်ထားပြီး ကြံတွေ အဝယ်ရပ်နေတဲ့အတွက်  ဒေသခံပြည်သူတွေ ငွေကြေး အကျပ်အတည်းနဲ့ စားနပ်ရိက္ခာ အခတ်အခဲတွေရင်ဆိုင်နေလို့ အလှူရှင်တွေများစွာလိုအပ်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013