DVB Logo
Home
Lead Story
မန်းရတနာပုံ လေကြောင်းလိုင်း စတင် ပြေးဆွဲ
DVB
·
February 27, 2014
မန်းရတနာပုံ လေကြောင်းလိုင်း စတင် ပြေးဆွဲ
Donate to DVB

မန္တလေးအခြေစိုက် မန်းရတနာပုံ လေကြောင်းလိုင်းဟာ ပြင်သစ်နိုင်ငံလုပ် ခရီးသည် ၇၀ ဆံ့ Turbo Prop လေယာဉ် အသုံးပြုပြီး ရန်ကုန်၊ မြစ်ကြီးနား၊ ညောင်ဦး၊ ဟဲဟိုး၊ ကျိုင်းတုံနဲ့ တာချီလိတ်ခရီးစဉ်တွေကို ဒီနေ့ စပြေးဆွဲနေပြီလို့ လေကြောင်းလိုင်း တာဝန်ရှိသူတဦးက ဒီဗွီဘီကို အတည်ပြုပြောဆိုပါတယ်။

[caption id="attachment_52399" align="alignright" width="300"] ပြင်သစ်နိုင်ငံလုပ် ခရီးသည် ၇၀ ဆံ့ Turbo Prop လေယာဉ် ပြင်သစ်နိုင်ငံလုပ် ခရီးသည် ၇၀ ဆံ့ Turbo Prop လေယာဉ်[/caption]မန်းရတနာပုံလေကြောင်းလိုင်းဟာ မြန်မာနိုင်ငံရဲ့ ၉ ခုမြောက် ပြည်တွင်းလေကြောင်းလိုင်း ဖြစ်ပြီး နောက်ထပ် လေယာဉ်တွေ ထပ်ရောက်လာဖို့လည်း ရှိတယ်လို့ ဆိုပါတယ်။

လာမယ့် မတ်လအတွင်း ATR 72, 600 လေယာဉ် ၁ စီး ထပ်ရောက်လာရင် မြစ်ကြီးနား၊ ဗန်းမော်၊ ပူတာအို၊ မုံရွာ၊ ဟုမ္မလင်းနဲ့ လွိုင်ကော်မြို့တွေကို ပျံသန်းသွားမယ်လို့ သတင်းထုတ်ပြန် ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013