DVB Logo
Home
Lead Story
ရွှေအခွန်ရရန် ဒါရိုက်တာများကို အိမ်ထိ လိုက်ရှာနေ
DVB
·
February 27, 2014
ရွှေအခွန်ရရန် ဒါရိုက်တာများကို အိမ်ထိ လိုက်ရှာနေ
Donate to DVB

အစိုးရဆီကို အခွန်ပေးဆောင်ဖို့ ရှိပေမယ့် ရွှေ လာမသွင်းဘဲ ကုမ္ပဏီဖျက်သိမ်း ခြေရာဖျောက်နေတဲ့ ကုမ္ပဏီ ၃၅ ခုနဲ့ ပတ်သက်ပြီး ဒါရိုက်တာအဖွဲ့ဝင်တွေရဲ့ နေရပ်လိပ်စာတွေအထိ လိုက်လံ စုံစမ်းပြီး ရွှေအကြွေးကျန်တွေရအောင် တောင်းခံနေတယ်လို့ သတ္တုတွင်းဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးသန်းထွန်းအောင်က ပြောပါတယ်။

[caption id="attachment_52396" align="alignright" width="300"]သတ္တုတွင်း ဒု-ဝန်ကြီး ဦးသန်းထွန်းအောင် (ဓာတ်ပုံ - ပြည်သူ့လွှတ်တော်) သတ္တုတွင်း ဒု-ဝန်ကြီး
ဦးသန်းထွန်းအောင်
(ဓာတ်ပုံ - ပြည်သူ့လွှတ်တော်)[/caption] ဖေဖော်ဝါရီ ၂၆ ရက်နေ့က လုပ်တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပြီး ရွှေလုပ်ငန်း ကုမ္ပဏီတွေရဲ့ နိုင်ငံတော်ဆီ အခွန်ပေးဆောင်ရမယ့် ရွှေတွေ ရအောင် စုံစမ်းစစ်ဆေးရေးအဖွဲ့တွေ ဖွဲ့ပြီး ဆောင်ရွက်နေတယ်လို့ သူက ရှင်းပြပါတယ်။

ရွှေအခွန်ကြွေး တချို့တ၀က်ကျန်သူတွေကို ၂၀၁၄ - ၁၅ ဘဏ္ဍာရေးနှစ်မှာ ပေးဆောင်လာအောင် လုပ်တာ၊ အချို့ မပေးပဲနေသူတွေကို တရားရုံးတွေမှာ တရားစွဲတာ လုပ်နေတယ်လို့ သူက ပြောခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013