DVB Logo
Home
မြန်မာသတင်း
သင်္ဃန်းညီနောင်တွင် စစ်တပ်ပစ်ခတ်မှုကြောင့် ကျောင်းသူ ၁ ဦး အပါအဝင် ၃ ဦး သေဆုံး
DVB
·
March 24, 2022
သင်္ဃန်းညီနောင်တွင် စစ်တပ်ပစ်ခတ်မှုကြောင့် ကျောင်းသူ ၁ ဦး အပါအဝင် ၃ ဦး သေဆုံး
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့၊ သင်္ဃန်းညီနောင်မြို့၊ ထီးမှူးထပ်ကျေးရွာအတွင်း မတ် ၂၄ ရက်နေ့ မနက် ၅ နာရီလောက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ကျောင်းသူ ၁ ဦးသေဆုံးပြီး  ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က ၁၂၀ မမ နဲ့ ရမ်းသန်းပစ်ခတ်တာကြောင့် ထီးမှူးထပ်ကျေးရွာအတွင်း ကျည်ကျရောက်ပေါက်ကွဲကာ ကျောင်းသူ ၁ ဦး အခင်းဖြစ်နေရာမှာ သေဆုံးသွားပြီး ၂ ဦး ဒဏ်ရာရရှိသွားတာလို့ ထီးမှူးထကျေးရွာသားတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၅ ရက် ည ၇ နာရီလောက်ကလည်း ကေအန်ယူ၊ ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၅ နယ်မြေ ဖာပွန်(မူတြော်)ခရိုင်၊ ဘူးသိုမြို့နယ် ကလောဒေးကျေးရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ကလေးငယ်အပါအဝင် အရပ်သားပြည်သူ ၇ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းလည်း စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေ နေထိုင်တဲ့ ကျေးရွာတွေနဲ့ လုပ်ငန်းခွင်တွေအတွင်းကို လက်နက်ကြီးအလုံးပေါင်း ၄၀၀ ကျော် ပစ်ခတ်ခဲ့သလို တပ်မဟာ  ၅ ဖာပွန်(မူတြော်)ခရိုင်အတွင်းကို လေကြောင်းကနေ လေယာဉ်နဲ့  ၂ ကြိမ် လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၇ ဦး သေဆုံးပြီး ၂၆ ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။

ကရင်ပြည်နယ်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်တို့ နေ့စဉ်ဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

ကေအန်ယူ ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ ဒူးသထူခရိုင်၊ ညောင်လေးပင်ခရိုင်၊ မြိတ်/ထားဝယ်ခရိုင်၊ မူတြော်ခရိုင်နဲ့ ဒူးပလာယာခရိုင်တို့မှာ စစ်ကောင်စီတပ်တွေ စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုပြုလုပ်လာတဲ့အတွက်  နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပြီး အရပ်သားပြည်သူ ၁ သောင်းလောက် ကျေးရွာတွေကိုစွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

မြဝတီခရိုင် ဝေါ်လေမြို့ မော်ခီးအပါအဝင် ကျေးရွာအချို့မှာ မတ် ၂၃ ရက်ကနေ ၂၅ ရက်နေ့အထိ နယ်မြေရှင်းလင်းရေးလုပ်ဖို့ စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013