DVB Logo
Home
မြန်မာသတင်း
ဖေဖော်ဝါရီ ၂၇ ရက် မိုးလေ၀သခန့်မှန်းချက် - ဒေါက်တာထွန်းလွင်
DVB
·
February 27, 2014
ဖေဖော်ဝါရီ ၂၇ ရက် မိုးလေ၀သခန့်မှန်းချက် - ဒေါက်တာထွန်းလွင်
Donate to DVB

ဖေဖော်ဝါရီ ၂၇ ရက်နေ့ မနက် ၇ နာရီ မိနစ် ၃၀ အချိန် ဖမ်းယူရရှိထားတဲ့ တိမ်ပုံအရ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ တိမ်ကင်းစင်နေပါတယ်။ မြန်မာနိုင်ငံမြောက်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေမှာတိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကျန်ဒေသတွေမှာ တိမ်ကင်းစင်နေပါတယ်။

2701ဖေဖော်ဝါရီ ၂၈ ရက်နေ့အတွက် မြန်မာ့ပင်လယ်ပြင်အခြေအနေကတော့ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်သာ ရှိနိုင်ပြီး လှိုင်းအမြင့် ၁ ပေကနေ ၄ ပေလောက် မြင့်တက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့အတွက် အပူရှိန်မြင့်တက်နိုင်မှုကတော့ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ ပုံမှန်အပူရှိန်ထက် အနည်းငယ်ပိုနိုင်ပြီး ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း ၇ လောက် ရှိနိုင်ပါတယ်။ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအောက်ပိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း ၈ လောက် ရှိနိုင်ပါတယ်။

မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်ဒေသတွေမှာ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း ၉ လောက် ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း ၁၀ လောက်ထိ ရှိနိုင်ပါတယ်။

မြန်မာနိုင်ငံတ၀ှမ်း နေထိုင်ကြသူများအနေနဲ့ ခရမ်းလွန်ရောင်ခြည်အန္တရာယ်ကို သတိပြု ကာကွယ်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့အတွက် ညအပူချိန် ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ကယား ပြည်နယ်ဒေသတွေမှာ ညအပူချိန် ၁၁ ဒီဂရီစင်တီဂရိတ်မှ ၁၆ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာတော့ ၁၇ ဒီဂရီစင်တီဂရိတ်မှ ၂၂ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်နေ့အတွက် မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်မြောက်ပိုင်းမှာ မိုးတိမ်တောင်ဖြစ်ပေါ်နိုင်ဖို့ ၅ ရာခိုင်နှုန်း သေချာမှု ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု မရှိနိုင်ဘူးလို့ ခန့်မှန်းထားပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့အတွက် မိုးရွာသွန်းနို်င်မှု ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ် မြောက်ပိုင်းစွန်းမှာ မိုးရွာဖို့ ၄၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းလောက် သေချာမှု ရှိနိုင်ပါတယ်။ ကျန်ဒေသတွေမှာတော့ အများအားဖြင့် သာယာနိုင်ပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့အတွက် မိုးရေချိန်ခန့်မှန်းချက်အနေနဲ့ကတော့ ကချင်ပြည်နယ် မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်းစွန်းမှာ ၂၄ နာရီအတွင်း ၁ မီလီမီတာမှ ၂ မီလီမီတာလောက် ရွာသွန်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မြို့တော်ကြီးတွေ ခန့်မှန်းချက်ကတော့ ဖေဖော်ဝါရီ ၂၇ ရက်နေ့ မနက် ၈ နာရီခွဲအချိန် ဖမ်းယူထားတဲ့တိမ်ပုံအရ နေပြည်တော်နဲ့ အနီးတ၀ိုက်မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့အတွက် နေပြည်တော်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၆ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၁၆ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက်နေ့ မနက် ၈ နာရီခွဲအချိန် ဖမ်းယူထားတဲ့တိမ်ပုံအရ ရန်ကုန်နဲ့ အနီးတ၀ိုက်မှာ တိမ်အနည်းငယ်ဖြစ်ထွန်းနေပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့အတွက် ရန်ကုန်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၆ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၁၉ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက်နေ့ မနက် ၈ နာရီခွဲအချိန် ဖမ်းယူထားတဲ့တိမ်ပုံအရ မန္တလေးနဲ့ အနီးတ၀ိုက်မှာ တိမ်အနည်းငယ်ဖြစ်ထွန်းနေပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့အတွက် မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၆ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၁၇ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013