DVB Logo
Home
မြန်မာသတင်း
ကမ္ဘာကျော် ကားကုမ္ပဏီများ သီလ၀ါစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမည်
DVB
·
February 27, 2014
ကမ္ဘာကျော် ကားကုမ္ပဏီများ သီလ၀ါစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမည်
Donate to DVB

ဂျပန်မော်တော်ယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီကြီးဖြစ်တဲ့ ဆူဇူကီးနဲ့ တိုယိုတာ ကုမ္ပဏီလီမိတက်တို့က သီလ၀ါအထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံဖို့ ကမ်းလှမ်းထားတယ်လို့ မြန်မာရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ပြောပါတယ်။

[caption id="attachment_47770" align="alignright" width="300"]သီလ၀ါ အထူးစီးပွားရေးဇုန် သီလ၀ါ အထူးစီးပွားရေးဇုန်[/caption]

သီလ၀ါအထူးစီးပွားရေးဇုန်ရဲ့ ပထမအဆင့် ဟက်တာ ၄၀၀ စီမံကိန်းမှာ အခြေခံ အဆောက်အအုံတွေ တည်ဆောက်ဖို့ မြေပြင်တဲ့လုပ်ငန်းကို စတင်နေပြီး ဒီစီမံကိန်းက လာမယ့် ၂၀၁၅ ခုနှစ်ကျရင် စတင်လည်ပတ်ဖို့အတွက် ရည်မှန်းထားတာကြောင့် ဒီစီမံကိန်းမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် ပြည်ပ ကုမ္ပဏီကြီးတွေက စိတ်ဝင်စားမှုရှိနေတာပါ။

ဂျပန်မော်တော်ယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီကြီးဖြစ်တဲ့ ဆူဇူကီးနဲ့ တိုယိုတာ ကုမ္ပဏီလီမိတက်တို့က မော်တော်ယာဉ်ထုတ်လုပ်ရေးနဲ့ ယာဉ်ဆက်စပ်ပစ္စည်းထုတ်လုပ်တဲ့ စက်ရုံတည်ဆောက်ဖို့ ကမ်းလှမ်းထားသလို ပြင်သစ်က စက်မှုလုပ်ငန်းကုမ္ပဏီကြီးဖြစ်တဲ့ Lafarge ကလည်း ရင်းနှီးမြှုပ်နှံဖို့ ကမ်းလှမ်းထားတယ်လို့ မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင် ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ဒီဗွီဘီကို ပြောပါတယ်။

ဒီစီမံကိန်းအတွင်းမှာ ဖရီးဇုန်နဲ့ ပမိုးရှင်းဇုန် ၂ ပိုင်းခွဲပြီး ဆောင်ရွက်မှာဖြစ်လို့ ရင်းနှီးမြှုပ်နှံမှုက ကုန်ထုန်လုပ်မှု လုပ်ငန်းတွေအပြင် ၀န်ဆောင်မှုလုပ်ငန်းတွေအပေါ်မှာလည်း ၀င်ရောက်လာမယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ အခုနှစ်အစောပိုင်းကာလက ပြဋ္ဌာန်းလိုက်တဲ့ ၂၀၁၄ ခုနှစ် အထူးစီးပွားရေးဇုန် ဥပဒေအရ ပြည်တွင်းရင်းနှီးမြှုပ်နှံသူနဲ့ ပြည်ပရင်းနှီးမြှုပ်နှံသူဆိုပြီး မခွဲခြားဘဲ တန်းတူအခွင့်အရေး ပေးထားပါတယ်။
ဒါပေမယ့် လက်တလောမှာတော့ ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်တွေက ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး ကမ်းလှမ်းချက် မရှိသေးဘူးလို့ ဦးအောင်နိုင်ဦးက ပြောပါတယ်။
သီလ၀ါ အထူးစီးပွားရေးဇုန်စီမံကိန်းမှာ ရှယ်ယာအများဆုံး ပိုင်ဆိုင်ထားတဲ့ မြန်မာသီလ၀ါ SEZ holding Public လီမိတက်က အများပြည်သူတွေပါ ပိုင်ဆိုင်ခွင့်ရရှိစေဖို့ အစုရှယ်ယာ တခုကို ကျပ် ၁ သောင်းနှုန်းနဲ့ အစုရှယ်ယာပေါင်း ၂ ဒဿမ ၁၄၅ သန်းခုကို လာမယ့်မတ်လဆန်းမှာ စတင်ရောင်းချ ပေးသွားမယ်လို့ ဆိုပါတယ်။

တိုင်းပြည်မှာ အထူးစီးပွားရေးဇုန်တွေ ပေါ်ထွက်လာတာက ပို့ကုန်မြှင့်တင်ရေးနဲ့ အလုပ်အကိုင် အခွင့်အလန်းတွေ များစွာပေးနိုင်လို့ တိုင်းပြည်ရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ အရေးပါတဲ့ လုပ်ဆောင်ချက်တခုပါလို့ စီးပွားကူးသန်းဝယ်ကြီးရဲ့ အကြံပေးအရာရှိ ဒေါက်တာမောင်အောင်က ပြောပါတယ်။

ဒါကြောင့် အကောင်အထည်ပေါ်လာတော့မယ့် သီလ၀ါအထူးစီးပွားရေးဇုန်စီမံကိန်းကြောင့် ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်းက ၂ သိန်းနီးပါး ပေါ်ထွက်လာဖို့ရှိပြီး ၂၀၁၄ - ၁၅ ဘဏ္ဍာနှစ်မှာ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုက လက်ရှိပမာဏထက် ၂ ဆ ရှိမယ်လို့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က မျှော်မှန်းထားပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုက အခုနှစ် ဇန်န၀ါရီလ ၃၁ ရက်အထိ အမေရိကန်ဒေါ်လာ ၄၅ ဒဿမ ၃ ဘီလီယံကျော် ရှိတယ်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013