DVB Logo
Home
မြန်မာသတင်း
အပစ်အခတ်ရပ်စဲရေး ဒေသတွင်းညှိနှိုင်းရေးအဖွဲ့တွင် ပါဝင်ရန် ကေအန်ယူကို စစ်ကောင်စီ ကမ်းလှမ်း
DVB
·
March 23, 2022
အပစ်အခတ်ရပ်စဲရေး ဒေသတွင်းညှိနှိုင်းရေးအဖွဲ့တွင် ပါဝင်ရန် ကေအန်ယူကို စစ်ကောင်စီ ကမ်းလှမ်း
Donate to DVB

ကရင်ပြည်နယ်အတွင်းတိုက်ပွဲတွေထပ်မဖြစ်ဖို့    ဒေသတွင်း ညှိနှိုင်းရေးအဖွဲ့တဖွဲ့ ဖွဲ့စည်းလိုက်တဲ့ အကြောင်နဲ့ ဒီအဖွဲ့မှာ ပူးပေါင်းပါဝင်ဖို့ စစ်ကောင်စီက  ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)ထံ စာရေး အကြောင်းကြားလိုက်ပါတယ်။ 

ဘားအံမြို့ရှိ ကေအန်ယူဗဟိုနဲ့ တပ်မဟာများဆက်ဆံရေးရုံးကို  ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား  လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး  ဗိုလ်မှူးကြီး မျိုးမင်းနောင်က   မတ်လ ၂၃ ရက် ဒီကနေ့ နေ့စွဲနဲ့  စာရေးသားပေးပို့ အကြောင်းကြားလိုက်တာပါ။ 

ဒီစာမှာတော့ “ ကရင်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ပြည်နယ်အတွင်း အပစ်အခတ်မဖြစ်ပွာစေရေးအတွက် ဒေသတွင်း ညှိနှိုင်းရေးအဖွဲ့အား ဖွဲ့စည်းတာဝန်ပေးအပ်ပြီးဖြစ်လို့ အဆိုပါ ညှိနှိုင်းရေးအဖွဲ့မှာ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အနေနဲ့ ပူးပေါင်းပါဝင်သွာနိုင်ဖို့နဲ့ ပါဝင်နိုင်မယ့် အမည်စာရင်းကို ပြန်လည်တင်ပြပေးဖို့” ပါရှိပါတယ်။

ဒီအခြေအနေ ဒီကာလမှာ အခုလို ညှိနှိုင်းရေးအဖွဲ့ဖို့အကြောင်းကြားလာတာ ဘာမှအဓိပ္ပါယ်မရှိတဲ့ အကြောင်းနဲ့ စစ်ကောင်စီဟာ အပစ်အခတ်ရပ်စဲရေးခေါ်ပြီး တပ်တွေပဲစေလွှတ်နေတာကြောင့် နေရာတကာမှာ တိုက်ပွဲဖြစ်နေလို့  ယုံကြည်စရာအကြောင်းမရှိဘူးလို့  ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတာနီးက ပြောပါတယ်။ 

“ အပစ်အခတ်ရပ်စဲရေးဆိုတာ ပါးစပ်နဲ့ ပြောလို့မရဘူး။ လက်တွေ့ပြရတဲ့အနေအထားတွေရှိတယ်။ အပစ်အခတ်ရပ်စဲရေးလုပ်ချင်တဲ့ ဆန္ဒဘာတွေရှိလဲ။  တပ်တွေ ပြန်ရုပ်ပြီလား။ လူတွေသတ်တာဖြတ်တာတွေ ရပ်ပြီလား။ နိုင်ငံရေး သမားတွေ အကုန်လုံးထောင်ထဲ ဖမ်းထားတာတွေ အကုန်လွှတ်ပြီလား ။ တခုမှ မလုပ်သေးဘူး။ အကုန်လုပ်ပြီးမှ အဲဒါကို ပြောလေ။”

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့နယ်ခွဲရှိ စစ်ကောင်စီတပ်စွဲထားတဲ့ မော်ခီးစခန်းကို KNLA-KNDO နဲ့ ပူးပေါင်းတပ်တွေ မတ်လ ၂၁ ရက် က ဝင်ရောက်သိမ်းပိုက်လိုက်ပြီးနောက်   စစ်ကောင်စီဘက်က အခုလို ကမ်းလှမ်းချက်ထွက်လာတာဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ ၆၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေအားလုံး မိမိတို့နေထိုင်ရာဒေသတွေကို ပြန်လည်ထွက်ခွာကြဖို့  ကော့ကရိတ်မြို့နယ် ကေအန်ယူက သတိပေးကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013