DVB Logo
Home
မြန်မာသတင်း
မုံရွာ လူမှုကူညီရေးအသင်းကားကို မှားယွင်းဖောက်ခွဲမိကြောင်း ယက္ခညီနောင်အဖွဲ့ တောင်းပန်
DVB
·
March 23, 2022
မုံရွာ လူမှုကူညီရေးအသင်းကားကို မှားယွင်းဖောက်ခွဲမိကြောင်း ယက္ခညီနောင်အဖွဲ့ တောင်းပန်
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ကားကြီးကွင်းအသစ်အနီးမှာ မတ်လ ၂၂ ရက် ညပိုင်းက မြန်မာနိုင်ငံ လူမှုကူညီရေးအသင်း (မုံရွာ) ရဲ့ ကျန်းမာရေးကားကို မှားယွင်းဖောက်ခွဲမိတဲ့အတွက် ဝန်ချတောင်းပန်ကြောင်း ယက္ခညီနောင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မတ်လ ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီယာဉ်တန်းကို ဖောက်ခွဲဖို့ စောင့်ဆိုင်းနေစဉ် မြန်မာနိုင်ငံ လူမှုကူညီရေးအသင်းရဲ့ ကျန်းမာရေးကားကို မှားယွင်း ဖောက်ခွဲခဲ့မိတယ်၊ ဖောက်ခွဲမှုကြောင့် ကျန်းမာရေးစောင့်ရှောက်မှု အသင်းသားတွေ ထိခိုက်မှုမရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အခုလို မှားယွင်းဖောက်ခွဲမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ လူမှုကူညီရေးအသင်း (မုံရွာ) ကိုလည်း ကျေနပ်တဲ့အထိ တာဝန်ယူ ဖြေရှင်းပေးသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ လူမှုကူညီရေးအသင်း (မုံရွာ) ကလည်း အခုလို အသင်းရဲ့ကား မိုင်းဆွဲ တိုက်ခိုက်ခံရတဲ့အတွက် ကူညီမှုလုပ်ငန်းတွေကို မတ် ၂၄ ရက်ကစပြီး ရက်အကန့်အသတ်မရှိ ရပ်နားမယ်လို့ အသင်းဥက္ကဋ္ဌ ဦးစိန်ကိုကိုက အသင်း လူမှုကွန်ရက် စာမျက်နှာကနေ ထုတ်ပြန်ထားပါတယ်။

ဘယ်အဖွဲ့က မိုင်းဆွဲတယ်ဆိုတာနဲ့ ဘာကြောင့် တိုက်ခိုက်တယ်ဆိုတာ မသိရသေးသ‌ရွေ့ ကူညီကယ်ဆယ်ရေးတွေကို ရက်အကန့်အသတ်မရှိ ရပ်နားမယ်လို့ ဆိုပါတယ်။

ယက္ခညီနောင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အခုလိုပြန်လည်တောင်းပန်တာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ လူမှုကူညီရေးအသင်း (မုံရွာ) ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းပေမယ့် မရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013