DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် မြန်မာအလုပ်သမားတဦး အမှိုက်သိမ်းကားပေါ်မှ ပြုတ်ကျသေဆုံး
DVB
·
February 27, 2014
ထိုင်းတွင် မြန်မာအလုပ်သမားတဦး အမှိုက်သိမ်းကားပေါ်မှ ပြုတ်ကျသေဆုံး
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့မှာ ဖေဖော်ဝါရီ ၂၆ ရက်နေ့ မနက်ပိုင်းက မြန်မာ အလုပ်သမားတဦး အမှိုက်သိမ်းကားပေါ်ကနေ ပြုတ်ကျပြီး နေရာမှာတင် သေဆုံးခဲ့တယ်လို့ မန်နေဂျာ အွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။

[caption id="attachment_52373" align="alignright" width="300"]ဓာတ်ပုံ - manager online ဓာတ်ပုံ - manager online[/caption]

ဖူးခက်မြို့ ၀ိချစ်ရပ်ကွက် ဒါလားဆမွတ်ထောင်းန် စာသင်ကျောင်းရှေ့မှာ မြူနီစပယ် အမှိုက်သိမ်းကားပေါ်ကနေ လူတဦး ပြုတ်ကျကြောင်း သတင်းရရှိတဲ့အတွက် ၀ိချစ်ရဲစခန်းက တာဝန်ရှိသူတွေ၊ ကယ်ဆယ်ရေးဝန်ထမ်းတွေနဲ့အတူ အချင်းဖြစ်ပွားရာကို ရောက်ရှိသွားတဲ့အခါ အလုပ်သမားတဦး ဦးခေါင်းမှာ ဒဏ်ရာနဲ့ ပက်လက်အနေအထား သေဆုံးနေတာ တွေ့ရတယ်လို့ တာဝန်ကျ ရဲမှူး ဆာနစ် နူခုန်းက သတင်းထောက်တွေကို ပြောပါတယ်။

ကားမောင်းသူရဲ့ ထွက်ဆိုချက်အရ သေဆုံးသူဟာ မြန်မာအလုပ်သမား ဦးမောင်ဝင်း  အသက် ၅၁ နှစ် ဆိုသူ ဖြစ်ပြီး အမှိုက်သိမ်းတဲ့ တာဝန်ကို ယူရတယ်လို့ ဆိုပါတယ်။

မနက် ၉ နာရီလောက်က စက္ကူထုတ်တွေကို ကားခေါင်မိုးပေါ်တင်မလို့ လုပ်ရင်း ခြေချော်ကျပြီး ဦးခေါင်းနဲ့ မြေပြင် ဆောင့်မိခဲ့ကြောင်း၊ သူကို ဆေးရုံပို့ဖို့ အခြားအလုပ်သမားနဲ့အတူ ခန္ဒာကိုယ်ကို မလိုက်တဲ့အခါ သေဆုံးနေပြီလို့ ထွက်ဆိုခဲ့ကြောင်း ပြောပါတယ်။

သေဆုံးသူရဲ့အလောင်းကို ဆေးစစ်ဖို့  ၀ချီရ ဆေးရုံကို သယ်ခဲ့ပြီး ကားမောင်းသူ (ထိုင်းနိုင်ငံသား) နဲ့ ကားပေါ်ပါ အခြားအလုပ်သမားတဦးကိုလည်း ဆက်လက် စစ်ဆေးသွားမယ်လို့ တာဝန်ကျရဲမှူးက ပြောကြောင်း ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013