DVB Logo
Home
မြန်မာသတင်း
မုံရွာ လူမှုရေးအသင်းကား မိုင်းဆွဲခံရသဖြင့် ကူညီမှုများ ရက်အကန့်အသတ်မရှိ ရပ်နား
DVB
·
March 23, 2022
မုံရွာ လူမှုရေးအသင်းကား မိုင်းဆွဲခံရသဖြင့် ကူညီမှုများ ရက်အကန့်အသတ်မရှိ ရပ်နား
Donate to DVB

စစ်ကိုင်းတိုင်း မုံရွာမြို့က မုံရွာလူမှုကယ်ဆယ်ရေးအသင်းရဲ့ ကူညီမှုလုပ်ငန်းတွေကို ရက်အကန့်သတ်မရှိ ရပ်နားမယ်လို့ အသင်းဥက္ကဋ္ဌ ဦးစိန်ကိုကိုက အသင်းလူမှုကွန်ရက်စာမျက်နှာကနေ ‌ထုတ်ပြန်ထားပါတယ်။

မြင်းမူမြို့နယ်က လူနာကို မတ် ၂၂ ရက်နေ့ညနေက အသင်းရဲ့ကားနဲ့ သွားရောက်ခေါ်ဆောင်ရာမှာ မုံရွာမြို့ နတ်လူထိပ္ပန်ရပ်ကွက် ကားကြီးကွင်းအသစ်အနီးမှာ မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် အသင်းရဲ့ ကူညီမှုတွေကို မတ် ၂၄ ရက်ကစပြီး ရက်အကန့်အသတ်မရှိ ရပ်နားလိုက်တာလို့ ဆိုပါတယ်။

မိုင်းဆွဲခံရတာကြောင့် အသင်းရဲ့ မော်တော်ယာဉ် အသေးစားပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။

မုံရွာလူမှုကူညီရေးအသင်းဟာ အရေးပေါ်လူနာတွေကို ၂၄ နာရီ အချိန်ပြည့် ကူညီပေးနေတဲ့အဖွဲ့ ဖြစ်တယ်လို့ မြို့ပေါ်နေသူတွေက ပြောပါတယ်။

အခုလို အသင်းရဲ့ ကူညီတာတွေကို ရက်အကန့်အသတ်မရှိ ရပ်နားရတာဟာ အဖွဲ့သားတွေရဲ့  အသက်အန္တရာယ်ကို စိုးရိမ်ရတာကြောင့်ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မုံရွာလူမှုကယ်ဆယ်ရေးအသင်းကားအား ဘယ်အဖွဲ့က မိုင်းဆွဲတယ်ဆိုတာနဲ့ ဘာကြောင့် တိုက်ခိုက်တယ်ဆိုတာ မသိရသေးသ‌ရွေ့ ကူညီကယ်ဆယ်ရေးတွေကို ရက်အကန့်အသတ်မရှိ ရပ်နားမယ်လို့ အသင်းက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013