DVB Logo
Home
မြန်မာသတင်း
ထိုင်းတောင်ပိုင်း၌ မြန်မာလုပ်သားများလိုက်ပါလာသည့်ကား စစ်ဆေးရေးကို ရှောင်မောင်းစဉ် တိမ်းမှောက်
DVB
·
March 22, 2022
ထိုင်းတောင်ပိုင်း၌ မြန်မာလုပ်သားများလိုက်ပါလာသည့်ကား စစ်ဆေးရေးကို ရှောင်မောင်းစဉ် တိမ်းမှောက်
1 / 3
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း၊ ချွန်းဖွန်းခရိုင်ထဲမှာ မြန်မာနိုင်ငံသားတွေကို တရားမဝင် တင်ဆောင်လာတဲ့ကား ၁ စီး ထိုင်းတာဝန်ရှိသူတွေရဲ့ စစ်ဆေးမှုကိုမခံဘဲ အတင်းမောင်းပြေးစဉ် ယာဉ်တိမ်းမှောက်လို့  ကားပေါ်လိုက်ပါလာသူတွေ ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။ 

ချွန်းဖွန်းခရိုင် ဆဝီမြို့နယ်ထဲမှာ တရားမဝင်အလုပ်သမားတွေ သယ်ဆောင်လာဖို့ရှိကြောင်း ကြိုတင်သတင်းရထားတဲ့အတွက် အုပ်ချုပ်ရေး၊ စစ်တပ်၊ ရဲနဲ့ ကျေးရွာလုံခြုံရေးတပ်ဖွဲ့ ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ မတ်လ ၂၀ ရက် မနက် ၂ နာရီလောက်မှာ ထုန့်လယအုပ်စုဘက်ကနေ မောင်းနှင်လာတဲ့ အီဇူးစူးကားတစ်စီးကို စစ်ဆေးဖို့ တားဆီးရာက ရပ်မပေးဘဲ အရှိန်မြှင့်မောင်းပြေးစဉ်  တာဝန်ရှိသူတွေကို တိုက်မိမလိုဖြစ်ပြီး ကားတိမ်းမှောက်သွားခဲ့တာလို့  တာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။

ကားပေါ်ပါလာသူတချို့ ထိခိုက်ဒဏ်ရာရပြီး တချို့မှာထွက်ပြေးဖို့ ကြိုးစားခဲ့လို့ တာဝန်ရှိသူတွေက လိုက်လံဖမ်းဆီးရာမှာ တရားမဝင်မြန်မာနိုင်ငံသား စုစုပေါင်း ၃၅ ဦးကိုဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။ 

ကားမှောက်မှုမှာ ပြင်းထန်စွာထိခိုက်ဒဏ်ရာရသူ ဘယ်နှယောက်ရှိလဲဆိုတာတော့  ထိုင်းသတင်းမှာ ဖော်ပြထားခြင်းမရှိပါဘူး။

မြန်မာလုပ်သားတွေဟာ အနက်ရောင်မိုးကာနဲ့ အလုံပိတ်ထားတဲ့ ကားနောက်ခန်းမှာ ပြွတ်သိပ်လိုက်ပါလာကြကြောင်း၊ ကားမောင်းသမားမှာ အသက် ၄၅ နှစ်အရွယ် နိုင်းမက်စ် ဖြစ်ပြီး သူဟာ မြန်မာတွေကို ဟတ်ယိုင်မြို့ကိုပို့ပေးဖို့ အခကြေးငွေ ဘတ် ၁၀၀၀၀ နဲ့ သယ်ဆောင်လာခဲ့တာလို့ ဖွင့်ဟဝန်ခံသွားပါတယ်။

လွန်ခဲ့တဲ့ ၂ ရက်ကလည်း တကြိမ်သယ်ဆောင်ပေးခဲ့ကြောင်း သူဟာ အရင်က ပုစွန်မွေးမြူရေးအလုပ်လုပ်ခဲ့ပေမဲ့ ကိုဗစ်-၁၉ ကာလ စီးပွားရေးမကောင်းလို့ အခုလို လူသယ်ပေးတဲ့အလုပ်ကို လက်ခံခဲ့ကြောင်း ၊ သူသယ်လာပေးတဲ့သူတွေဟာ မြန်မာပြည်မှာ အခြေအနေမကောင်းလို့ သူတို့အလုပ်ရအောင်၊ ဆွေမျိုးတွေနဲ့တွေ့ရအောင် သနားစိတ်နဲ့ ကူညီပေးခဲ့တာဖြစ်လို့ သူ့မှာ အပြစ်မရှိကြောင်း၊ မူးယစ်ဆေးသယ်သူတွေလောက် မဆိုးကြောင်း ပြောပါတယ်။

တာဝန်ရှိသူတွေကတော့ သူတို့အားလုံးကို လဝကဥပဒေတွေနဲ့ အရေးယူသွားမှာဖြစ်ကြောင်း၊ အရေးမယူခင် ကိုဗစ်-၁၉ စစ်ဆေးရာမှာတော့ အားလုံးပုံမှန်ဘဲလို့ ဆိုပါတယ်၊။

မနေ့ကလည်း ထိုင်းအနောက်မြောက်ပိုင်း ကန်ကျနပူရီခရိုင်ထဲမှာ တရားမဝင် ဝင်လာတဲ့  မြန်မာ ၄၀ ဦးကို လမ်းပြ ၆ ဦးနဲ့ အတူ ဖမ်းဆီးရမိကြောင်း ၊ သူတို့တွေဟာ မော်လမြိုင်၊ ရန်ကုန်၊ ပဲခူးနဲ့ ရခိုင်ဘက်ကနေ ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်ဖို့ ပွဲစားကို ၁ ဦးလျှင် ဘတ် ၁၅၀၀၀ မှ ၂၅၀၀၀ ထိပေးခဲ့ကြရတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013