DVB Logo
Home
Lead Story
သန်းခေါင်စာရင်းကောက်ယူရေးကိစ္စ ၀န်ကြီးနှင့်တိုင်းရင်းသား ၁၀ ဖွဲ့ ဆွေးနွေး
DVB
·
February 26, 2014
သန်းခေါင်စာရင်းကောက်ယူရေးကိစ္စ ၀န်ကြီးနှင့်တိုင်းရင်းသား ၁၀ ဖွဲ့ ဆွေးနွေး
Donate to DVB

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရေးနဲ့ပတ်သက်ပြီး လူဝင်မှုကြီးကြပ်ရေး၊ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ နဲ့ တိုင်းရင်းသားကိုယ်စားလှယ်အဖွဲ့တွေ နေပြည်တော် Mount Pleasant ဟိုတယ်မှာ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

[caption id="attachment_31386" align="alignright" width="300"] ဦးခင်ရီ ဦးခင်ရီ[/caption]ဆွေးနွေးပွဲမှာ တိုင်းရင်းသား ၁၀ ဖွဲ့က ကိုယ်စားလှယ် ၂၄ ဦးနဲ့ ၀န်ကြီး ဦးခင်ရီအပါဝင် ဗဟို သန်းခေါင်စာရင်းကော်မတီတို့ ဆွေးနွေးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်က တိုင်းရင်းသားအဖွဲ့အစည်းတွေက သူတို့ တိုင်းရင်းသားအဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးပြီးမှသာ သန်းခေါင်စားရင်းကောက်ယူဖို့ တောင်းဆိုခဲ့ပြီး တွေ့ဆုံဆွေးနွေမှု မလုပ်ရင် ၂၀၁၄ သန်းခေါင်စာရင်းကောက်ယူမှုကို တားဆီးသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒီသတင်းထွက်ပေါ်ပြီးနောက်ပိုင်း အခုလို တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာပါ။ မေးခွန်း ၄၁ ခုပါတဲ့ ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို မတ် ၃၀ ရက်နေ့ကစတင်ပြီး ဧပြီ ၁၀ ရက်နေ့အထိ ကောက်ခံသွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013