DVB Logo
Home
မြန်မာသတင်း
ပန်းခြံများတွင် တဦးချင်းဆန္ဒပြခွင့် မရှိသေး
DVB
·
February 26, 2014
ပန်းခြံများတွင် တဦးချင်းဆန္ဒပြခွင့် မရှိသေး
Donate to DVB

အများပြည်သူ အပန်းဖြေတဲ့ ပန်းခြံလို နေရာတွေမှာ ပြည်သူတဦးချင်းကို လွတ်လွတ်လပ်လပ် ဆန္ဒပြခွင့်ပေးဖို့ အစီအစဉ် မရှိသေးဘူးလို့ သက်ဆိုင်ရာ ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။

1978760_597245633683590_1972731255_nဒီနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ကမာရွတ်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးရင်က ယူကေနိုင်ငံ လန်ဒန်မြို့မှာလို အများပြည်သူစုဝေး အပန်းဖြေတဲ့ ပန်းခြံတွေမှာ ပြည်သူတဦးချင်း တင်ပြခွင့် ခွင့်ပြုဖို့ ရှိ မရှိ မေးခွန်းထုတ်ရာမှာ ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်မှုးချုပ် ကျော်ဇံမြင့်က စောသေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပယ်ချခဲ့တာ ဖြစ်ပါတယ်။

လွှတ်တော်ထဲ မေးခွန်းထုတ်ခဲ့တဲ့ ဒေါက်တာစိုးရင်ကတော့ တပ်လှန့်လိုက်တဲ့သဘော မေးခွန်းထုတ်ခဲ့တာလို့ ပြောပါတယ်။

“အစိုးရက People Center Goverment လို့ ဆိုထားတာကိုး။ People Center ကို ပြောရလို့ ရှိရင် ပြည်သူတွေရဲ့ ဆန္ဒကို ယူဖို့ရာ ဒီလို အခွင့်အရေးလေးတွေ ဖော်ထုတ်ပေးမှ။ ဒါအလေ့အကျင့်ပဲလေ၊ ဆန္ဒဖော်ထုတ်ဖို့ ဟောပြောတတ်ဖို့။ ဒါလူစုလူဝေးနဲ့ ဟောတာမှ မဟုတ်ဘဲနဲ့။ ဟိုတုန်းက ဗန္ဓုလ ပန်းခြံမှာ လုပ်သလို တယောက်စ ၂ ယောက်စ သူ့ဘာသာလာပြီး လေ့ကျင့်တဲ့သဘောနဲ့ ဟောပြောကြတာပဲ။ ဆန္ဒဖော်ထုတ်တာပဲ။ စီတန်းလှည့်လည်တာမှ မဟုတ်ဘဲ။”

ပြည်ထဲရေးက စောသေးတယ်လို့ အကြောင်းပြခဲ့ပေမယ့် တနှစ်လောက်အတွင်း ခွင့်ပြုလာဖို့ မျှော်လင့်တယ်လို့ သူက ပြောပါတယ်။

ဝါရင့်သတင်းစာဆရာကြီးတဦးဖြစ်တဲ့ ရွှေနိုင်ငံသစ်သတင်းစာအယ်ဒီတာချုပ် ဖိုးသောကြာကတော့ မြန်မာနိုင်ငံမှာ ပါလီမန်အစိုးရခေတ်က ပြည်သူ့ဟစ်တိုင် ဆိုပြီး ခွင့်ပြုခဲ့ဖူးတယ်လို့ ပြောပါတယ်။

“ဦးနု အစိုးရလက်ထက်မှာ ရှိတယ်ဗျ။ ဗန္ဓုလ ပန်းခြံမှာ ပြည်သူ့ဟစ်တိုင်ဆိုတာရှိပြီး ညနေ ၄ နာရီခွဲ ၅ နာရီ ရုံးဆင်းချိန်မှာ ဟောလို့ ပြောလို့ရတယ်ဗျ။ အဲဒီလို ဟောတဲ့ ပြောတဲ့လူလည်း ရှိတယ်။ ကျနော်တို့ သိရသလောက်က ၁၉၅၇ - ၅၈ လောက်မှာ ရှိတာ။”

အငြင်းပွားစရာဖြစ်နေတဲ့ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ပြင်ဖို့ ဒီတကြိမ် လွှတ်တော်ထဲ ကြိုးပမ်းနေတာ မအောင်မြင်သေးခင် ပန်းခြံတွေမှာ တဦးချင်း ဆန္ဒပြခွင့်ရဖို့ အခုလို လွှတ်တော်မှာ မေးခွန်း ထုတ်လာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013