DVB Logo
Home
မြန်မာသတင်း
ပြည်တွင်းရွှေစျေး အတက်အကျများ
DVB
·
March 21, 2022
ပြည်တွင်းရွှေစျေး အတက်အကျများ
Donate to DVB

ပြည်တွင်းရွှေစျေးဟာ ဒီနေ့ မတ်လ ၂၁ ရက်နေ့မှာ တစ်ကျပ်သားကို ကျပ် ၂၀၂၇၀၀၀ထိ မြင့်တက်ခဲ့ပြီး  နေ့ခင်းပိုင်းမှာ  အနည်းငယ်ပြန်လည်ကျဆင်းသွားပါတယ်။

ပြည်တွင်းရွှေစျေးဟာ မတ်လ ၁၇ ရက်ကစတင်ပြီး  ကျပ်သိန်း ၂၀ အထက်ကို ပြန်လည် ရောက်ရှိလာကာ ရက်ပိုင်းအတွင်းအစျေးအတက်အကျများစွာ ဖြစ်ပေါ်ခဲ့ပါတယ်။

ရုရှား- ယူကရိန်းစစ်ပွဲနဲ့  ကမ္ဘာ့နိုင်ငံရေး အခြေအနေတွေက ရွှေစျေးကို အတက်အကျဖြစ်ပေါ်စေခဲ့ပြီး တစ်ပတ်အတွင်း အနိမ့်ဆုံးစျေးထိ ကျဆင်းသွားတဲ့ ကမ္ဘာ့ရွှေစျေးက အခုအခါ ပြန်လည်မြင့်တက်လာတာပါ။

ပြီးခဲ့တဲ့ မတ်လ ဒုတိယပတ်က ကမ္ဘာ့ရွှေစျေး တစ်ထရိုင်အောင်စကို  ၂၀၅၃ ဒေါ်လာထိ မြင့်တက်ခဲ့ပြီး ပြည်တွင်းရွှေစျေး တစ်ကျပ်သားကို ကျပ် ၂၀၆၈၀၀၀ ထိ ရောက်ရှိခဲ့ပါတယ်။

အဲဒီနောက် ကမ္ဘာ့ရွှေစျေး တစ်ထရိုင်အောင်စကို ၁၉၀၀ ဒေါ်လာထိ ပြန်လည်ကျဆင်းခဲ့ပြီး ပြည်တွင်းရွှေစျေးကတစ်ကျပ်သားကို ကျပ်သိန်း၂၀ အောက်ကို ပြန်လည်ကျဆင်းခဲ့ပါတယ်။

ဒီနေ့မှာတော့ ကမ္ဘာ့ရွှေစျေး တစ်ထရိုင်အောင်စကို ၁၉၂၈ ဒေါ်လာကို ပြန်လည်မြင့်တက်ခဲ့ပြီး ပြည်တွင်းရွှေစျေးက တစ်ကျပ်သားကိုကျပ် ၂၀၂၀၀၀၀ စျေးတန်းကိုပြန်လည်ရောက်ရှိလာတာပါ။

ပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ ငွေစက္ကူအတုပြဿနာနဲ့အတူ မြန်မာကျပ်ငွေနဲ့ ဒေါ်လာငွေလဲနှုန်းကလည်း ဒီနေ့ ပြင်ပစျေးကွက်မှာ တစ်ဒေါ်လာကို ကျပ် ၂၀၃၀ ထိ မြင့်တက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013