DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် လူငယ်များ လုံခြုံရေးနှင့် ပညာရေးထိခိုက်
DVB
·
February 26, 2014
ရခိုင်ပြည်နယ် ပဋိပက္ခကြောင့်  လူငယ်များ လုံခြုံရေးနှင့် ပညာရေးထိခိုက်
Donate to DVB

ရခိုင်ပြည်နယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် လူငယ်တွေဟာ လုံခြုံမှု မရှိသလို ပညာရေးနဲ့ အလုပ်အကိုင်တွေမှာလည်း ထိခိုက်မှုရှိနေတယ်လို့ ရခိုင်လူငယ်တွေက ပြောပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ လူမျိုးရေးဘာသာရေးနဲ့ ဆက်နွှယ်တဲ့ အကြမ်းဖက်မှု၊ မီးရှို့မှုတွ ဆက်တိုက် ဖြစ်ပွားခဲ့တဲ့ အကျိုးဆက်အဖြစ် ရခိုင်လူငယ်တွေဟာ လုံခြုံမှု မရှိသလို ခံစားနေရပြီး ပညာကိုလည်း ကောင်းစွာမသင်ကြားရဘူးလို့ မြောက်ဦးမြို့မှာ ကျင်းပနေတဲ့ ရခိုင်ပြည်နယ် လူငယ်ဖိုရမ်က ပြောပါတယ်။

[caption id="attachment_52335" align="alignright" width="300"]ဓာတ်ပုံ - ရခိုင်လူမှုအသင်း ဓာတ်ပုံ - ရခိုင်လူမှုအသင်း[/caption]ပညာကောင်းကောင်း မသင်ကြားရတဲ့ လူငယ်တွေအနေနဲ့ နောက်ဆက်တွဲ အလုပ်အကိုင် ရှားပါးခြင်း၊ ပြည်ပနဲ့ အခြားဒေသတွေမှာ သွားရောက်လုပ်ကိုင်စားသောက်ရသူတွေ များလာ တယ်လို့ မြောက်ဦးမြို့နယ်ကိုယ်စားလှယ် လူငယ်တဦးဖြစ်သူ ကိုအောင်သန်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။
“အဓိကရုဏ်းဖြစ်သွားတော့ လုံခြုံမှုမရှိသလို ခံစားရတယ်။ မိန်းကလေးတွေဆို ပြောစရာ မရှိတော့ဘူး။ ပညာရေးကိုလည်း ထိခိုက်တာပေါ့နော်။ ကျောင်းတွေ ပိတ်ထားရတာ၊ တချို့ တက္ကသိုလ်တွေ အထိုက်အလျောက် ပိတ်ခဲ့တာ၊ ကျောင်းသွားတဲ့လမ်းမှာ ဘင်္ဂါလီရွာတွေရှိရင် မဖြတ်ရဲတာ၊ အလုပ်အကိုင်မှာလည်း အရေးအခင်းထဲမှာ ကျနော်တို့လူငယ်တွေ ထိခိုက်ပါတယ်။ အလုပ်ရှားတော့ ကျနော်တို့ရခိုင်ပြည်နယ်မှာ မြို့နယ်ပေါင်း ၁၇ ခုရှိတာ လူငယ်တ၀က်ကျော်က ပြည်နယ်ရဲ့ ပြင်ပမှာ ရောက်နေတယ်။ တချို့ရွာတွေမှာဆို လူငယ်တွေ မရှိသလောက်ဘဲ။”

ရခိုင်ပြည်နယ်ထဲမှာ နိုင်ငံခြားက ကုမ္ပဏီတွေ ဥပမာ ရေနံပိုင်လိုင်းကုမ္ပဏီ၊ ငါးဖမ်းသဘောင်္တွေ ရှိပေမယ့်လည်း ရခိုင်ဒေသခံလူငယ်အများစုဟာ လစာနည်း အောက်ခြေအလုပ်သမား အဖြစ်နဲ့သာ အလုပ်ရရှိကြောင်း၊ ငါးဖမ်းကွက်တွေလည်း ကန့်သတ်ခံရတဲ့အတွက် အလုပ်အကိုင် ရှားပါးလာပြီး ရခိုင်ပြည်နယ်ဟာ တနိုင်ငံလုံးမှာ ဒုတိယအဆင်းရဲဆုံး ပြည်နယ်ဖြစ်နေရတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်ဖိုရမ်မှာ လူငယ်တွေရဲ့ အလုပ်အကိုင် ပြဿနာအပြင် ဥပဒေစိုးမိုးမှုအားနည်းတာ၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုပြဿနာ၊ ရှေးဟောင်းယဉ်ကျေးမှု အမွေတချို့ တိမ်ကော ပပျောက်တာအပြင် ကျန်းမာရေးပြဿနာတွေပါ ဆွေးနွေးခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်လူငယ်ဖိုရမ်ကို ရခိုင်လူငယ်တွေရဲ့ အသံကို စုစည်းဖို့ ဒီမိုကရေစီယဉ်ကျေးမှုကို လူငယ်တွေကြား ပျိုးထောင်ပေးဖို့နဲ့ လာမယ့်မတ်လမှာ ကျင်းပမယ့် မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်ဖိုရမ်မှာ ရခိုင်ပြည်အနေနဲ့ တက်ရောက်မယ့် လူငယ်ကိုယ်စားလှယ်ရွေးချယ်ဖို့ ကျင်းပရတာလို့ ဖိုရမ်ဖြစ်မြောက်ရေးကော်မတီဝင် ကိုရန်လင်းအောင်က ပြောပါတယ်။

ဒီပြဿနာတွေကို အရေးယူဆောင်ရွက်ဖို့ ဋ္ဌာနအလိုက် သက်ဆိုင်ရာ ပြည်နယ်အစိုးရကို တောင်းဆို သွားမယ်လို့လည်း ရခိုင်လူငယ်တွေက ပြောပါတယ်။

ဖေဖော်ဝါရီလ ၂၄ ရက်ကနေ ၂၆ ရက်နေ့ထိ မြောက်ဦးမြို့ ရတနာမာန်အောင်ကျောင်းတိုက်မှာ ကျင်းပသွားတဲ့ ရခိုင်လူငယ်ဖိုရမ်မှာ ရခိုင်ပြည်နယ် မြို့နယ်ပေါင်း ၁၄ ခုက လူငယ်ကိုယ်စားလှယ် ၆၀ ကျော် တက်ရောက်ခဲ့ပါတယ်။

အလားတူ ရှမ်းပြည်နယ် တောင်ကြီးမြို့မှာလည်း ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တောင်ပိုင်းနဲ့ မြောက်ပိုင်းက လူငယ်ကိုယ်စားလှယ်ပေါင်း ၂၆ ဦး လာတွေ့ဆုံပြီး လာမယ့် မတ်လ ၁ ရက်ကနေ ၄ ရက်နေ့ထိ မော်လမြိုင်မှာ ကျင်းပမယ့် မြန်မာန်ုင်ငံလုံးဆိုင်ရာ လူငယ်ဖိုရမ်ကို သွားရောက်ဖို့ ကြိုတင်ပြင်ဆင်ညှိနှိုင်းနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013