DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်တပ်က ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ဟု အမေရိကန်အစိုးရ သတ်မှတ်
DVB
·
March 21, 2022
မြန်မာစစ်တပ်က ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ဟု အမေရိကန်အစိုးရ သတ်မှတ်
Donate to DVB

မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေနဲ့ ဆက်စပ်နေတယ်လို့ သမ္မတဘိုင်ဒင်အစိုးရအဖွဲ့က တရားဝင်သတ်မှတ်ဆုံးဖြတ်ထားကြောင်း အမေရိကန်အရာရှိတွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

လက်ရှိ ရိုဟင်ဂျာဒုက္ခသည်များဆိုင်ရာ ပြပွဲကို ပြသထားတဲ့ ဝါရှင်တန်ရှိ US Holocaust Memorial ပြတိုက်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်က  တနင်္လာနေ့ကျရင် ဒီဆုံးဖြတ်ချက်ကို   ကြေညာမှာလို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။

ရိုဟင်ဂျာတွေပေါ် အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး သမ္မတဘိုင်ဒင်က သူတက်လာပြီး ၁၄ လနီးပါးအကြာမှာ ပြန်လည်သုံးသပ်မှုအသစ် ပြုလုပ်မယ်လို့လည်း ကတိပြုခဲ့ပါတယ်။

ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက်ယုတ်မာမှုရဲ့ ပြင်းထန်မှုကို ခပ်မြန်မြန် အသိအမှတ်ပြုဖို့ ကြိုးပမ်းရာမှာ အမေရိကန်အရာရှိတွေနဲ့ ပြင်ပ ဥပဒေအကျိုးတော်ဆောင်တွေဟာ အထောက်အထားတွေကို စုဆောင်းခဲ့ပေမဲ့ အဲဒီတုန်းက နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွမ်ပီရို က ဆုံးဖြတ်ဖို့ ငြင်းဆိုခဲ့ပါတယ်။ 

သမ္မတဘိုင်ဒင်က သူ့ကိုယ်ပိုင် တရားဥပဒေနဲ့ ဖြစ်ရပ်မှန် ခွဲခြမ်းစိပ်ဖြာမှုအဖွဲ့ကို အမိန့်ပေးခဲ့တယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန်အရာရှိတွေက Reuters ကို ပြောကြားခဲ့ပါတယ်။ 

သမ္မတဘိုင်ဒင် စေခိုင်းထားတဲ့  တရားဥပဒေနဲ့ ဖြစ်ရပ်မှန် ခွဲခြမ်းစိတ်ဖြာမှုအဖွဲ့ သုံးသပ်ချက်အဖွဲ့ကတော့ မြန်မာစစ်တပ်ဟာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေကြောင်း ကောက်ချက်ချခဲ့ပြီး အခုလို တရားဝင်အခိုင်အမာ ဆုံးဖြတ်ခဲ့တဲ့အတွက်  စစ်အုပ်စုကို တာဝန်ခံမှုရှိစေဖို့အရေး နိုင်ငံတကာဖိအားတွေ တိုးမြင့်လာမယ်လို့ အမေရိကန် အစိုးရက ယုံကြည်ထားပါတယ်။

မြန်မာစစ်တပ်အတွက် နောက်ထပ် ချိုးဖောက်မှုတွေ ကျူးလွန်ဖို့ ခက်လိမ့်မယ်လို့ နိုင်ငံခြားရေးဌာန အကြီးတန်း အရာရှိတစ်ဦးက ပြောပါတယ်။

ဒါနဲ့ပတ်သက်ပြီး ဝါရှင်တန်ရှိ မြန်မာသံရုံးမှ တာဝန်ရှိသူတွေနဲ့ စစ်အုပ်စုရဲ့ ပြောရေးဆိုခွင့်ရှိသူတို့က မှတ်ချက်ပေးဖို့ တောင်းဆိုတဲ့ အီးမေးလ်တွေကို ချက်ချင်းတုံ့ပြန်ခြင်း မရှိပါဘူး။ 

မြန်မာနိုင်ငံမှာ နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခံထားရတဲ့ ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ်  မြန်မာစစ်တပ်က ငြင်းဆိုထားပြီး ၂၀၁၇ ခုနှစ်က အကြမ်းဖက်သမားတွေကို နှိမ်နင်းဖို့  နယ်မြေရှင်းလင်းစစ်ဆင်ရေး ပြုလုပ်ခဲ့တာလို့ တုံ့ပြန်ထားပါတယ်။

အနာဂတ် တရားစွဲဆိုမှုတွေအတွက် သက်သေအထောက်အထားတွေ စုဆောင်းနေတဲ့ ဂျီနီဗာ အခြေစိုက် ကုလသမဂ္ဂအဖွဲ့ဖြစ်တဲ့ (IIMM) အတွက် နောက်ထပ် ရန်ပုံငွေ ဒေါ်လာ ၁ သန်းကိုလည်း အမေရိကန်က ကြေညာဖို့ရှိပါတယ်။

နောက်ထပ် ရက်စက်ကြမ်းကြုတ်မှုတွေကို တားဆီးကာကွယ်ဖို့နဲ့ အဲဒီသူတွေကို တာဝန်ခံဖို့ နိုင်ငံတကာရဲ့ ပံ့ပိုးကူညီမှုတွေ တည်ဆောက်ဖို့ ကြိုးစားနေတာကြောင့် ကနော်တို့ ရပ်တည်ချက်ကို မြှင့်တင်သွားမယ်လို့လည်း ပထမ အမေရိကန် အရာရှိက ပြောပါတယ်။

၂၀၁၇ ခုနှစ်က မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ခဲ့တဲ့ အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီအဖွဲ့ဝင် အမေရိကန် အထက်လွှတ်တော်အမတ် ဂျက်ဖ်မာကလေက  ဒီလုပ်ရပ်ကို ကြိုဆိုခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ ကြာနေပြီဆိုပေမဲ့ ဒီရက်စက်ကြမ်းကြုတ်တဲ့ အုပ်စုကို ထည့်သွင်းစဉ်းစားရာမှာ အားကောင်းပြီး အရေးပါတဲ့ ခြေလှမ်းတစ်ခုပါပဲလို့ Merkley က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013