DVB Logo
Home
မြန်မာသတင်း
ဒဂုံတက္ကသိုလ် ကျောင်းသား ၂ ဦးကို စစ်ခုံရုံးက သေဒဏ်နှင့် ထောင်ဒဏ်တသက်ချမှတ်
DVB
·
March 19, 2022
ဒဂုံတက္ကသိုလ် ကျောင်းသား ၂ ဦးကို စစ်ခုံရုံးက  သေဒဏ်နှင့် ထောင်ဒဏ်တသက်ချမှတ်
Donate to DVB

ဒဂုံတက္ကသိုလ် ကျောင်းသား ၂ ယောက်ကို စစ်ခုံရုံးက သေဒဏ်နဲ့ ထောင်ဒဏ်တသက်နဲ့ ချမှတ်လိုက်တယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက မတ်လ ၁၉ ရက် ဒီကနေ့ ထုတ်ပြန်ပါတယ်။

မတ် ၁၇ ရက်နေ့မှာ စစ်ခုံရုံးက ဒဂုံတက္ကသိုလ်၊ ဓာတုဗေဒဌာနက ကျောင်းသူ မဆောင်းလေပြေ (ခ) ဇူဇူးကို  ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂ (၁) (ခ) အရ   သေဒဏ်ချမှတ်လိုက်တာဖြစ်ပြီး  မြန်မာမှုဌာနက ကိုနိုင်အောင်(ခ)Snake ကိုတော့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (က)နဲ့ ၅၀  (ဈ) တို့အရ ထောင်ဒဏ်တသက်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

အဲဒီနေ့က လှိုင်သာယာက ၈ ယောက်၊ ဒဂုံဆိပ်ကမ်းမြို့သစ်က ၃ ယောက်နဲ့ မြောက်ဥက္ကလာပက ၄ ယောက်တို့ကို စစ်ခုံရုံးက မတရားဆုံးဖြတ်ခဲ့တာဖြစ်ပြီး လှိုင်သာယာက လူငယ် ၃ ယောက်နဲ့ ​မြောက်ဥက္ကလာပက ၄ ယောက်တို့ကို သေဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

သူတို့ကို မြောက်ဥက္ကလာပအဝိုင်းမှာ အထက်တန်းပြဆရာမတယောက်ကို သေနတ်နဲ့ပစ်သတ်တာနဲ့ လှိုင်သာယာမြို့နယ်ထဲက ရာအိမ်မှူးကို ပစ်သတ်တဲ့အမှုတွေကျူးလွန်ခဲ့တယ်လို့ စွပ်စွဲပြီး သေဒဏ်ချမှတ်တာလို့ အကြမ်းဖက်စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားကြောင်းလည်း ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂကဆိုပါတယ်။

ရန်ကုန်မြို့က စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်တွေမှာ အမှု ၂၃ မျိုးကို စစ်ကောင်စီက စစ်ခုံရုံးဖွဲ့စစ်ဆေးနေတာဖြစ်ပြီး အဲဒီအမှုတွေကိုလည်းအမြင့်ဆုံးပြစ်ဒဏ်တွေနဲ့ ချမှတ်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013