DVB Logo
Home
မြန်မာသတင်း
စပါးခွံမှ လျှပ်စစ်ထုတ်လုပ်ရန် ချေးငွေနှင့် နည်းပညာ အကူအညီလျှောက်ထားနိုင်
DVB
·
March 19, 2022
စပါးခွံမှ လျှပ်စစ်ထုတ်လုပ်ရန် ချေးငွေနှင့် နည်းပညာ အကူအညီလျှောက်ထားနိုင်
Donate to DVB

စွန့်ပစ်စပါးခွံကနေ လျှပ်စစ်ထုတ်လုပ်ဖို့ စိတ်၀င်စားတဲ့ ဆန်စက်လုပ်ငန်းတွေ၊ ကုမ္ပဏီတွေ လိုအပ်တဲ့ ချေးငွေနဲ့ နည်းပညာ အကူအညီ တင်ပြတောင်းခံနိုင်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က မတ်လ၁၇ ရက်မှာ  အသိပေးထုတ်ပြန် ထားပါတယ်။ 

လျှပ်စစ်ဓါတ်အား အလှည့်ကျရရှိမှု အခြေအနေကြောင့် ဆန်စက်တွေ ပုံမှန်လည်ပတ်ဖို့ အခက်အခဲရှိနေတာကို ရေရှည်မှာ အဆင်ပြေစေဖို့ရည်ရွယ်ပြီး၊ စွန့်ပစ်စပါးခွံကနေ လျှပ်စစ်ဓာတ်အားထုတ်ကာ မဟာဓာတ်အား လိုင်းကွန်ရက်နဲ့ ချိတ်ဆက်ပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်ရောင်းချနိုင်ရေးအတွက် ရည်ရွယ်ကာ အကူအညီပေးနိုင်ဖို့ စီစဉ်တာလို့ အသင်းချုပ်က ဆိုပါတယ်။ 

အကူအညီတွေရယူလိုတဲ့ ဆန်စက်လုပ်ငန်းတွေ၊ ကုမ္ပဏီတွေအနေနဲ့  မတ်လ ၃၁ ရက် နောက်ဆုံးထားပြီး အသင်းချုပ်ကို တင်ပြရမှာဖြစ်ပါတယ်။

လတ်တလော မြန်မာနိုင်ငံမှာ  လျှပ်စစ်မီး ပြတ်တောက်မှု စံချိန်တင်ဖြစ်ပေါ်နေပြီး ၊ မီးရရှိချိန်နည်း လာတာကြောင့် စီးပွားရေးလုပ်ငန်းတွေရော၊ ပြည်သူတွေပါ အခက်အခဲ၊ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။

လျှပ်စစ်မီးမရရှိတာကြောင့် ပုံမှန်မလည်ပတ်နိုင်တဲ့လုပ်ငန်းတွေ ၊  လုံး၀ရပ်ဆိုင်းထားရတဲ့ လုပ်ငန်းတွေ ရှိလာသလို တစ်ဖက်မှာလည်း အလုပ်ချိန်လျှော့ချခံရမှုနဲ့ အလုပ်ရပ်နားခံရမှုတွေ ကြောင့် နေ့စဥ်လူမှုဘ၀တွေ  ပိုမိုခက်ခဲ ကျပ်တည်းလာပါတယ်။

မကြာသေးခင်က ရန်ကုန် ခရိုင် ၄ ခုမှာ မီး အလှည့်ကျပေးမယ့်ပုံစံကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ထုတ်ပြန်ထားပြီး  မတ်လ ၁၈ ရက်ကစလို့ ခရိုင် အလိုက် အုပ်စု  ၂ခု ခွဲပြီး    ၄ နာရီခြား တခါ အလှည့်ကျစနစ် ပေးသွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013