DVB Logo
Home
Lead Story
စီးကရက်၊ အရက်၊ ဘီယာနှင့် ၀ိုင် တင်သွင်းခွင့်ပါသည့် အခွန်ဥပဒေကြမ်း တင်သွင်း
DVB
·
February 26, 2014
စီးကရက်၊ အရက်၊ ဘီယာနှင့် ၀ိုင် တင်သွင်းခွင့်ပါသည့် အခွန်ဥပဒေကြမ်း တင်သွင်း
Donate to DVB

နိုင်ငံခြားကနေ တင်သွင်းလာတဲ့ စီးကရက်တွေကို အခွန် ၁၀၀ ရာခိုင်နှုန်း၊ အရက်၊ ဘီယာ နဲ့ ၀ိုင်အမျိုးမျိုးအပါအ၀င် ဆေးပြင်းလိပ်၊ ဆေးပေါ့လိပ်နဲ့ ကွမ်းစားဆေးအမျိုးမျိုးကို အခွန် ၅၀ ရာခိုင်နှုန်း ကောက်ခံဖို့ ဖော်ပြထားတဲ့ အခွန်အကောက်ဥပဒေကြမ်းကို ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးလင်းအောင်က ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။

beerဖေဖော်ဝါရီ ၂၅ ရက်နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ သူက တင်သွင်းလိုက်တာ ဖြစ်ပြီး လွှတ်တော်လုပ်ထုံးလုပ်နည်းတွေအရ ဆွေးနွေးတာနဲ့ အတည်ပြုတာ လုပ်ရဦးမှာ ဖြစ်ပါတယ်။

လက်ရှိ အခြေအနေမှာတော့ ပြည်ပကနေ စီးကရက်၊ အရက်၊ ဘီယာနဲ့ ၀ိုင်တင်သွင်းခွင့် အားလုံး ပိတ်ပင်ထားပြီး ဟိုတယ်လုပ်ငန်းရှင်တချို့နဲ့ လေဆိပ် အခွန်လွတ်အရောင်းဆိုင် တချို့ကိုတော့ ဟိုတယ်နဲ့ ခရီးသွားလာရေး ၀န်ကြီးဌာနရဲ့ ထောက်ခံချက်ဖြင့် အကန့်အသတ်နဲ့ တင်သွင်းခွင့်ပြုထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013