DVB Logo
Home
Lead Story
ဇောတိကလုပ်ကွက်က သဘာဝဓာတ်ငွေ့ တနေ့ ကုဗပေ သန်း ၃၀၀ ထုတ်မည်
DVB
·
February 26, 2014
ဇောတိကလုပ်ကွက်က သဘာဝဓာတ်ငွေ့ တနေ့ ကုဗပေ သန်း ၃၀၀ ထုတ်မည်
Donate to DVB

အခု ၂၀၁၄ ခုနှစ်ကစ ထိုင်းနိုင်ငံ PTTEP ကုမ္ပဏီက တူးဖော်နေတဲ့ ဇောတိက ရေနံနဲ့ သဘာဝဓာတ်ငွေ့စီမံကိန်းကနေ ထိုင်းနဲ့ မြန်မာစွမ်းအင်လိုအပ်ချက်အတွက် တနေ့ သဘာဝ ဓာတ်ငွေ့ ကုဗပေ သန်း ၃၀၀ ထုတ်လုပ်သွားမယ်လို့ PTTEP ရဲ့ အမှုဆောင် အရာရှိချုပ် မစ္စတာ တီဗင် ဗွန်ဗန်နက်စ် (Mr.Tevin Vongvanich) က ပြောပါတယ်။

210786-yetagun_2ဖေဖော်ဝါရီ ၂၅ ရက်နေ့ ရန်ကုန်မှာ လုပ်တဲ့ ဇောတိကစီမံကိန်းနဲ့ ဆိုင်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ PTTEP ဟာ မြန်မာနိုင်ငံ ရဲတံခွန်နဲ့ ရတနာ သဘာဝဓာတ်ငွေ့ တူးဖော်ရေး လုပ်ငန်းမှာ တိုတယ်၊ ပီထရိုနပ်စ်ကုမ္ပဏီတွေနဲ့ ဖက်စပ်လုပ်ကိုင်နေပြီး ဇောတိက စီမံကိန်းကတော့ ပြည်ပစီမံကိန်းထဲမှာ အကြီးဆုံးဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

PTTEP ဟာ ၁၉၉၈ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှာ ၀င်ရောက် ရင်းနှီးမြှုပ်နှံခဲ့တာ ဖြစ်ပြီး သဘာဝဓာတ်ငွေ့ တူးဖော်ရေးနဲ့ ရှိပြီးသား လုပ်ကွက်တွေ သက်တမ်းတိုး ဆောင်ရွက်သွားဖို့ ရှိတယ်လို့လည်း မစ္စတာ တီဗင် ဗွန်ဗန်နက်စ်က ပြောဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013