DVB Logo
Home
မြန်မာသတင်း
ရေးမြို့နယ်တွင် စားသောက်ကုန်ဈေး အဆမတန်တက်၊ အခြေခံလူထု ပိုခက်ခဲလာ
DVB
·
March 18, 2022
ရေးမြို့နယ်တွင် စားသောက်ကုန်ဈေး အဆမတန်တက်၊ အခြေခံလူထု ပိုခက်ခဲလာ
Donate to DVB

စစ်တပ်က အာဏာသိမ်းပြီး ၁ နှစ်ကျော်ကာလအတွင်း မွန်ပြည်နယ် ရေးမြို့နယ်မှာ အခြေခံ စားသောက်ကုန်တွေ အဆမတန် ဈေးတက်လာလို့ သာမန် လက်လုပ်လက်စားတွေ စားဝတ်နေရေး ပိုပြီး ခက်ခဲလာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"အခု ဆန်ဈေးတွေလည်း ၁ အိတ်ကို ကျပ် ၆,၀၀၀ လောက်အထိ တက်တယ်၊ စားဆီလည်း ၁ ပိသာကို အရင်က ပြည်တွင်းထုတ် ကျပ် ၃,၀၀၀ ကနေ အခု ကျပ် ၈,၀၀၀ နီးပါးအထိ ဖြစ်တယ်။ ကြက်သား ၁ ပိသာလည်း အရင်က ကျပ် ၄,၀၀၀ က အခု ကျပ် ၇,၀၀၀ နီးပါး မြင့်လာတယ်။ ဟင်းသီးဟင်းရွက်ကအစ ဈေးတွေ အားလုံးနီးပါး ထက်ဝက်လောက် ဈေးတက်တယ်။" လို့ အိမ်ရှင်မတွေက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးကတည်းက အရင်လို ကုန်ပစ္စည်းတွေ မှာလို့မရသလို ပစ္စည်းပြတ်တာ၊ သယ်ယူစရိတ် ကြီးတာတွေကြောင့် အရောင်းအဝယ် မကောင်းတဲ့အကြောင်း ဈေးသည်တဦးက ပြောပါတယ်။

"အခုလို ကုန်ဈေးနှုန်းတွေ နေ့ချင်းညချင်း တက်နေတာ ကိုဗစ်ကာလကတည်းက၊ အလုပ်ကလည်း အဆင်မပြေ၊ အခု စစ်တပ်က အာဏာယူထားပြန် ဆိုတော့ ကုန်ပစ္စည်းတွေလည်း အရင်လို မှာယူလို့လည်းမရ၊ ကုန်ကလည်း ပစ္စည်းတွေပြတ်လပ်၊ သယ်ယူစရိတ်တွေပါ ကြီးမြင့်လာတော့ အရောင်းအဝယ်လည်း မရှိဘူး။"

သယ်ယူစရိတ်တွေက ၂ ဆလောက် တက်တဲ့အတွက် ဆန်အမျိုးအစားပေါ် မူတည်ပြီး ဆန်ဈေး တအိတ်ကို ကျပ် ၄,၀၀၀ ကနေ ၆,၀၀၀ နီးပါးအထိ မြင့်တက်လာပါတယ်။

ရေးမြို့နယ်မှာ ပြည်တွင်းထုတ် စားသောက်ကုန်တွေအပြင် တရုတ်နဲ့ ထိုင်းက ပစ္စည်းတွေကိုပါ ဝယ်ယူသုံးစွဲကြလို့ မြန်မာငွေဈေး တန်ဖိုးကျပြီးကတည်းက ပြည်ပထုတ်ကုန်တွေပါ ပုံမှန်ဈေးထက် ထက်ဝက်နီးပါးအထိ ဈေးမြင့်တက်လာခဲ့ပါတယ်။

လက်လုပ်လက်စား အိမ်ရှင်မတဦးက "အရင်က တနေ့ရတဲ့ လုပ်အားခ ကျပ် ၅,၀၀၀ နဲ့ မိသားစု စားဝတ်နေရေး လုံလောက်ပေမဲ့ အခုက ကုန်ကျစရိတ် ၂ ဆလောက်တက်တော့ ဘယ်လိုမှ မလုံလောက်ကြဘူး။ ဒီအတိုင်းဆို ထမင်းနပ်မှန်ဖို့တောင် မနည်းကြိုးစားရမယ်။" လို့  ပြောပါတယ်။

အခုလို ဆန်ဈေးတွေ၊ အခြေခံ စားသောက်ကုန်ဈေးနှုန်းတွေ အဆမတန် ကြီးမြင့်လာတဲ့အပေါ် စစ်ကောင်စီဘက်က ဒီနေ့အထိ တာဝန်ယူ ဖြေရှင်းနိုင်ခြင်း မရှိသေးပါဘူး။

အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ စံချိန်တင် မြင့်တက်လာသလို အလုပ်အကိုင်လည်း ရှားပါးလာတဲ့အတွက် ပုံမှန်ဝင်ငွေမရှိတဲ့ လက်လုပ်လက်စားတွေ တနေ့တခြား ပိုခက်ခဲ ကျပ်တည်းလာနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013