DVB Logo
Home
မြန်မာသတင်း
ထောင်ဝင်စာပို့ပေးသည့် ဗကသ လူငယ် ၃ ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး အကြမ်းဖက်မှုဖြင့် တရားစွဲ
DVB
·
March 18, 2022
ထောင်ဝင်စာပို့ပေးသည့် ဗကသ လူငယ် ၃ ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး အကြမ်းဖက်မှုဖြင့် တရားစွဲ
Donate to DVB

အကျဉ်းထောင်တွေထဲမှာ နှစ်ရှည်ထောင်ဒဏ် ကျခံနေရတဲ့ ဗကသများအဖွဲ့ချုပ်ဝင်တွေအတွက် ထောင်ဝင်စာ ကူညီပို့ပေးနေတဲ့ ဗကသကျောင်းသား လူငယ် ၃ ယောက်ကို စစ်ကောင်စီက  အကြမ်းဖက်ပုဒ်မ ၂ ခုစီနဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

ဖမ်းဆီးတရားစွဲခံရသူတွေကတော့ မန္တလေး ပညာရေးဒီဂရီကောလိပ် ကျောင်းသားများသမဂ္ဂ (ဗကသ) ဥက္ကဋ္ဌ မသီရိရတနာ၊ မန္တလေး ပညာရေးဒီဂရီကောလိပ် ကျောင်းသားများသမဂ္ဂ (ဗကသ) အတွင်းရေးမှူး ကိုအောင်မျိုးကိုနဲ့ CDM ကျောင်းဆရာ ကိုကျော်ဇင်လတ်တို့ဖြစ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂(က)/၅၀(ည) တို့နဲ့ တရားစွဲခံခဲ့ရတာပါ။

မတ်လ ၂ ရက် ညနေပိုင်းက မန္တလေး အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်၊ နန်းတော်ရာစံပြကွက်သစ်ရှိ မသီရိရတနာရဲ့ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်ရှာဖွေ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ အိမ်တွင်းရှိ တွေ့ရာမြင်ရာ သုတရသ စာအုပ်တွေနဲ့ အဝတ်အထည်တွေကို သက်သေခံအဖြစ် သိမ်းဆည်းပြီး PDF ကို ထောက်ပံ့နေတယ်လို့ စွပ်စွဲကာ မတရားပုဒ်မတပ် တရားစွဲဆိုတာဖြစ်တယ်လို့ ဗကသများအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုအောင်ပြည့်စုံဖြိုးနဲ့ ဗကသများအဖွဲ့ချုပ် ဆန္ဒပြသပိတ် ဦးဆောင်သူ ကိုညီညီဇင်တို့ နှစ်ဦးကိုလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂(က)/၅၀(ည) နဲ့ ဝရမ်းထုတ်ထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013