DVB Logo
Home
မြန်မာသတင်း
တရုတ်ကုမ္ပဏီအဆောက်အဦ မီးရှို့မှုဖြင့် အလုပ်သမား ၁၇ ဦး တရားစွဲခံရ
DVB
·
February 25, 2014
တရုတ်ကုမ္ပဏီအဆောက်အဦ မီးရှို့မှုဖြင့် အလုပ်သမား ၁၇ ဦး တရားစွဲခံရ
Donate to DVB

ရခိုင်ပြည်နယ် အမ်းမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဇန်န၀ါရီလကုန်ပိုင်းက စီအန်ပီစီ တရုတ် ဓာတ်ငွေ့ပိုက်လိုင်း ကုမ္ပဏီပိုင် အဆောက်အဦ မီးရှို့ခံရတာနဲ့ ပတ်သက်ပြီး အလုပ်သမား ၁၇ ဦး တရားစွဲခံခဲ့ရပါတယ်။

[caption id="attachment_28181" align="alignright" width="300"]ဓာတ်ငွေ့ပိုက်လိုင်း ဓာတ်ငွေ့ပိုက်လိုင်း[/caption]အမ်းမြို့နယ်ရဲစခန်းမှာ ၁ လနီးပါး ချုပ်နှောင်ထားတဲ့ အလုပ်သမား ၁၇ ဦးကို ဖေဖော်ဝါရီ ၂၄ ရက်နေ့က ရုံးထုတ်ပြီး တရားစွဲလိုက်တာလို့ အလုပ်သမားတွေဘက်ကနေပြီး လျှောက်လဲချက်ပေးမယ့် ရှေ့နေ ဦးအေးကျော်သန်းက ဒီဗွီဘီကို ပြောပါတယ်။

“မနေ့က သူတို့ကို ချုပ်ရက်စေ့လို့ ရုံးကို စွဲတင်တာ။ ကျနော်တို့ကလည်း ရှေ့နေကိုယ်စားလှယ်လွှဲစာ ပါဝါတင်တာပေါ့။ မနေ့က တရားစွဲတင်တာ။ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၅၂ ရယ်၊ ၄၃၆ ပြီးတော့ ၁၁၄၊ ၄၅၂ က အကြံအစည်တခုခုနဲ့ အဆောက်အဦထဲဝင်မှု၊ ၄၃၆ က မီးရှို့မှု၊ ၁၁၄ က အကြောင်းအရာတခုကို လူအများနဲ့လုပ်တယ်ဆိုပြီး စွပ်စွဲထားတဲ့ဟာပါ။”

သူတို့ကို မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း အရာရှိ ဦးမျိုးထွဋ်ဝင်းက တရားလိုလုပ်ပြီး စွဲဆိုခဲ့တာဖြစ်ပြီး လာမယ့်မတ်လ ၁၀ ရက်နေ့မှာ တရားလိုဘက်ကနေ စတင်စစ်ဆေးဖို့ ရှိနေတာပါ။

လောလောဆယ် အမှုမစစ်ရသေးတဲ့အတွက် အမှုသွားအမှုလာ ဘာမှ မပြောနိုင်သေးကြောင်း၊ ဒါပေမယ့် တရားဥပဒေကြောင်းအရ အတတ်နိုင်ဆုံး ကာကွယ်ပေးသွားကြမယ်လို့ အလုပ်သမားတွေရဲ့ ရှေ့နေက ဆက်ပြောပါတယ်။

စီအန်ပီစီ ကုမ္ပဏီဟာ ရခိုင်ပြည်နယ် ကျောက်ဖြူက ထွက်တဲ့ သဘာဝဓာတ်ငွေ့တွေ တရုတ်ပြည်ကို တင်ပို့ဖို့ ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းပေးနေတဲ့ကုမ္ပဏီဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၆ ရက်နေ့ညက စစ်တွေ ရန်ကုန်သွားလမ်းပေါ်မှာရှိတဲ့ အန်းမြို့နယ်က ဓာတ်ငွေ့ပို့လွှတ်ရုံတခုမှာ ကုမ္ပဏီက တရုတ်အလုပ်သမားနဲ့ မြန်မာအလုပ်သမားတွေကြား အချင်းများပြီး မီးရှို့မှုဖြစ်ပွားခဲ့တာပါ။

မီးလောင်မှုကြာင့် ဓာတ်ငွေ့လှောင်ကန်နဲ့ ၂ ထပ် အဆောက်အဆောက်အဦတခု ကာလတန်ဖိုး စုစုပေါင်း ကျပ်သိန်းပေါင်း ၁၇၀၀ ဆုံးရှုံးခဲ့တယ်လို့ အန်းမြို့နယ်ရဲစခန်းက ခန့်မှန်းထားပါတယ်။

တရားစွဲဆိုခံထားရသူအများစုဟာ ချင်းတိုင်းရင်းသား လက်လုပ်လက်စား အလုပ်သမားတွေ ဖြစ်တဲ့အတွက် ဦးအေးကျော်သန်း အပါအ၀င် အခြားရှေ့နေ ၃ ဦးက စေတနာဝန်ထမ်းအနေနဲ့ အခကြေးငွေမယူဘဲ ကူညီဆောင်ရွက်ပေးနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013