DVB Logo
Home
မြန်မာသတင်း
ခင်ဦးတွင် စစ်တပ်မီးရှို့မှုကြောင့် အိမ်ခြေ ၃၂၀ ကျော် ဆုံးရှုံး၊ ပြည်သူ ၂၅၀၀ ကျော် အိုးအိမ်မဲ့ဖြစ်
DVB
·
March 18, 2022
ခင်ဦးတွင် စစ်တပ်မီးရှို့မှုကြောင့် အိမ်ခြေ ၃၂၀ ကျော် ဆုံးရှုံး၊ ပြည်သူ ၂၅၀၀ ကျော် အိုးအိမ်မဲ့ဖြစ်
1 / 5
Donate to DVB

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ကုလားလူးရွာနဲ့ရှားလွင်ကျေးရွာ နှစ်ရွာကို စစ်ကောင်စီတပ်တွေက မတ် ၁၆ ရက်နေ့ နေ့လယ်မှာ မီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၁၃၈ အိမ် ဆုံးရှုံးခဲ့ပြီး မီးရှို့ခံတဲ့ ၇ ရွာအထိ ရှိလာပြီလို့ ဒေသခံကူညီကယ်ဆယ်ရေး ပရဟိတသမားတွေက ပြောပါတယ်။

ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီက မီးရှို့ဖျက်ဆီးတာကြောင့် မီးလောင်ဆုံးရှုံးရတဲ့ နေအိမ်ပေါင်း ၃၂၇ အိမ်နဲ့ ပြည်သူ ၂၅၀၀ ကျော် မီးဘေးသင့်နေကြရတယ်လို့ ဆိုပါတယ်။

ဒေသခံတဦးက “ကျနော်တို့ ပြည်သူတွေမှာ ဘာအပြစ်ရှိလို့လဲဗျာ။ သူတို့ PDF ကို မနိုင်တိုင်း ကျေးရွာတွေကို မီးရှို့နေတာဟာ အတော်ကိုစိုးတယ်ဗျ။ ကျနော်ဆိုရင် အရင်က စစ်တပ်ကို ထောက်ခံသူတဦးပါ။ အခုတော့ ကျနော်သူတို့ကို မထောက်ခံတော့ဘူး။ ဒီကောင်တွေ အပြောတခြား အလုပ်တခြားလုပ်တဲ့ ကောင်တွေကို တော်လှန်ဖို့ရာ ကျနော် PDF အဖွဲ့တွေနဲ့ ပူးပေါင်ဖို့ရာ ဆုံးဖြတ်လိုက်ပြီဗျ။ ရတဲ့နည်းလမ်းနဲ့ တိုက်မယ်။ ဘာမှသုံးစားမရတဲ့ ကောင်တွေကို သေတောင်မထောက်ခံဘူး။ အခုဆိုရင် ကျနော်ရှိစုမဲ့စုနဲ့ ဆောက်ထားတဲ့ အိမ်လေးရယ်၊ အတွင်းပစ္စည်းတွေ မီးလောင်သွားတယ်။ ဘယ် PDF ကမှ မီးရှို့တာမဟုတ်ဘူးဗျ။ အဲ(-) ကောင်တွေ၊ မင်းအောင်လှိုင် မယားပါသားတွေရှို့တာ။ ပြည်သူတွေအနေနဲ့ မင်းအောင်လှိုင် လက်အောက်ခံအသံလွှင့်ဌာနတွေဖြစ်တဲ့ MRTV တို့၊ မြဝတီတို့ကနေလွှင့်တဲ့ သတင်းတွေ မယုံကြည်ကြပါနဲ့။ သူတို့လုပ်ပြီး PDF ကို လွှဲချနေတယ်။ ဘာလို့ အဲလိုပြောနိုင်တာလဲဆိုရင် အခုကျနော်ကိုယ်တွေ့ဖြစ်ရပ်ကြောင့် ပြောနိုင်တာ” လို့ ပြောပါတယ်။

ခင်ဦးမြို့နယ်အတွင်း မတ် ၈‌ ရက်၊ မတ် ၁၅ နဲ့ ၁၆ ရက်တွေမှာ စစ်ကောင်စီတပ်တွေက သက်ပေးကျေးရွာနေအိမ် ၁၃ လုံး၊ ဒါန်းကုန်းကျေးရွာနေအိမ် ၄၃ လုံး၊ မှန်တောကျေးရွာနေအိမ် ၃၈ လုံး၊ ကျွန်းလယ်ကျေးရွာ နေအိမ် ၂ လုံးနဲ့ ယာစောင့်တဲ ၅ လုံး၊ တမုတ်ကျေးရွာ နေအိမ် ၉၃ လုံး၊ ကုလားလူးရွာ နေအိမ် ၇၅ လုံးနဲ့ ရှားလွင်ရွာက နေအိမ် ၆၃ လုံးတိုကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ပြည်သူတွေ အိုးမဲ့အိမ်မဲ့ဖြစ်နေပြီး နေစရာ၊ ဆေးဝါး၊ အစားအစာအတွက် အရေးပေါ် အကူအညီ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုံ- ကုလားလူးရွာနှင့် ရှားလွင်ရွာ မီးရှို့ခံရမှုများ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013