DVB Logo
Home
Lead Story
ကမ္ဘာ့အဆင့်ပြိုင်ပွဲအတွက် နိုင်ငံကိုယ်စားပြု အလှမယ်များ ရွေးချယ်မည်
DVB
·
February 25, 2014
ကမ္ဘာ့အဆင့်ပြိုင်ပွဲအတွက် နိုင်ငံကိုယ်စားပြု အလှမယ်များ ရွေးချယ်မည်
Donate to DVB

အခုနှစ်အတွင်း ကျင်းပဖို့ရှိတဲ့ နိုင်ငံတကာကာ အလှမယ်ပြိုင်ပွဲ ၃ ခုမှာ ၀င်ပြိုင်မယ့်  မြန်မာနိုင်ငံကိုယ်စားပြုအလှ မယ်သုံးဦးကို Miss Golden Land Myanmar အဖွဲ့က မတ်လ အတွင်း အပြီးသတ်ရွေးချယ်ပြီး သက်ဆိုင်ရာပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ဖို့ စေလွှတ်မှာ ဖြစ်ပါတယ်။

miss myanmarကမ္ဘာ့အဆင့် အလှမယ်ပြိုင်ပွဲတွေဖြစ်တဲ့ Miss Grand International 2014, Miss Supranational 2014, Miss Intercontinental 2014  ၀င်ရောက်ယှဉ်ပြိုင်မယ့် အလှမယ်တွေအတွက် Miss Golden land Myanmar  အလှမယ်ပြိုင်ပွဲကျင်းပပြီး ရွေးချယ်သွား မယ်လို့ ပွဲကျင်းပရေးကော်မတီက ပြောပါတယ်။

မြန်မာကိုယ်စားပြုအလှမယ် ရွေးချယ်တဲ့အခါမှာ ပြည်တွင်းက ဒိုင်လူကြီးတွေသာမက  ပြည်ပက ၀ါရင့်ဒိုင်တွေနဲ့ မျှမျှတတ ရွေးချယ်သွားမှာဖြစ်ပြီး ပရိသတ်တွေရဲ့ ဆန္ဒနဲ့ တထပ်တည်း ကျအောင် ဆောင်ရွက်သွားမယ်လို့လည်း Miss Golden Land Myanmar အဖွဲ့ အမှုဆောင်အရာရှိချုပ် ဦးဟန်ဇော်လတ်က ပြောပါတယ်။

ဒီပြိုင်ပွဲကို ကမ္ဘာ့အလှမယ်ပြိုင်ပွဲတွေမှာ ဆုရခဲ့ကြဖူးသူတွေ တက်ရောက် အားပေးကြမယ့် အပြင် နိုင်ငံတကာက အလှမယ်ပြိုင်ပွဲပညာရှင်တွေက ပြိုင်ပွဲဝင်မြန်မာ အလှမယ်တွေကို လေ့ကျင့်သင်ကြားပေးဖို့ ရှိနေတယ်လို့ ပွဲကျင်းပရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

ဒါ့ပြင် ဒီပြိုင်ပွဲမှာ အလှမယ် ခင်ဝင့်ဝါကို ကမ္ဘာကျော် အလှမယ် web site တွေဖြစ်တဲ့ Global Beauties နှင့် Missosology တို့က အကောင်းဆုံး အလှမယ် စာရင်းဝင်အဖြစ် ဆုတွေချီးမြှင့်သွားဖို့လည်း ရှိပါတယ်။

ပြိုင်ပွဲဝင်လျှောက်လွှာတွေကိုတော့ လာမယ့် ဧပြီ ၁၀ ရက်နေ့ထက် နောက်မကျစေဘဲ Miss Golden Land Myanmar ရုံးတည်ရှိရာ တိုက်အမှတ်(၂၀)၊ မြေညီထပ်၊ ဟင်္သာတလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မှာ လာရောက်လျှောက်ထားဖို့လည်း ဖိတ်ခေါ်ထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာ နိုင်ငံတကာအဆင့် အလှမယ်ပြိုင်ပွဲတွေမှာ နိုင်ငံကိုယ်စားပြု အလှမယ်တွေ  စေလွှတ် ယှဉ်ပြိုင်ခဲ့ခြင်းမရှိခဲ့ရာက ပြီးခဲ့တဲ့နှစ်ကစလို့ မယ်စကြ၀ဠာပြိုင်ပွဲ အပါအ၀င် ကမ္ဘာ့အဆင့်အလှ မယ်ပြိုင်ပွဲတွေမှာ စတင်ပါဝင် ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013