DVB Logo
Home
မြန်မာသတင်း
ကျောက်ဖြူစီးပွားရေးဇုန်အတွက် တည်ဆောက်ထားသည့် ရေလှောင်တမံမှ ရေအသုံးပြုခွင့်ရရန် ဒေသခံများ လိုလား
DVB
·
March 17, 2022
ကျောက်ဖြူစီးပွားရေးဇုန်အတွက် တည်ဆောက်ထားသည့် ရေလှောင်တမံမှ ရေအသုံးပြုခွင့်ရရန် ဒေသခံများ လိုလား
Donate to DVB

ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းအတွက် တည်ဆောက်ထားတဲ့ သိုင်းချောင်းရေလှောင်တာတမံက ရေကို ၄ နှစ်ကျော် ကြာလာပေမယ့် အသုံးပြုတာ မရှိသလို ဒေသခံတွေကို ရေပေးဝေမှု မရှိတာကြောင့် ဒေသခံတွေ ရေအသုံးပြုခွင့်ရဖို့ လိုလားနေကြပါတယ်။

သိုင်းချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဟောင်း ကိုလင်းထိန်က  "နွေရာသီနှောင်းပိုင်းဆိုရင် အဆင်သိပ်မပြေတော့ဘူး။ တပေါင်း၊ တန်ခူးဆိုရင် ရေက တအားရှားပြီ။ အဲဒါ သောက်သုံးရေအတွက်ဆိုရင် အစုက ၃ စုရှိတယ်၊ ၃ စုဆိုတော့ လာပြီးတော့ အသုံးပြုရတာ ရေကိုထမ်းပိုးပြီးတော့ တနေရာကနေ တနေရာကို သွားနေရတာဆိုလို့ ရှိရင်တော့ တော်တော်လေးကို အခက်အခဲဖြစ်ပါတယ်။ နောက်တခုက စိုက်ပျိုးရေးနဲ့ ပတ်သက်မယ်ဆိုရင်တော့ ပိုပြီး အခက်အခဲများမှာပေါ့။ တပိုင်တနိုင် စိုက်ပျိုးရေးလုပ်ငန်း ဆိုလို့ရှိရင်လည်း ရေအခက်အခဲက အဓိကပြဿနာကတော့ရှိတယ်။ တကယ်လို့များ ဒီမှာက ရေကာတာကရေကိုသာ အသုံးပြုခွင့်ရမယ်ဆိုရင်တော့ တပိုင်တနိုင် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းတွေ ဆိုလို့ရှိရင်တော့ ထိထိရောက်ရောက် အသုံးပြုလို့ရတာပေါ့၊ ပိုပြီးတော့အဆင်ပြေတာပေါ့ ဒေသခံတွေအတွက်" လို့ ပြောပါတယ်။

ဇိုင်းချောင်းကျေးရွာမှာ သောက်သုံးရေ ရှားပါးသလို တပိုင်တနိုင်စိုက်ပျိုးရေး လုပ်ငန်းတွေ စိုက်ပျိုးလုပ်ကိုင်နိုင်ဖို့ လယ်ယာမြေတွေ ရှိပေမယ့် ရေအခက်အခဲကြောင့် မစိုက်ပျိုးနိုင်ဘဲ ဖြစ်နေပြီး သိုင်ချောင်းရေလှောင်တမံက ရေကိုသာ အသုံးပြုခွင့်ရမယ်ဆိုရင် ဒေသခံတွေအတွက် အများကြီး အထောက်အကူ ဖြစ်လာနိုင်တယ်လို့ သိုင်းချောင်းကျေးရွာအုပ်စု ဇိုင်ချောင်းကျေးရွာနေ မလှခင်သန်းက ပြောပါတယ်။

“စိုက်ပျိုးရေးကတော့ အများကြီး စိုက်ပျိုးလို့ ရပါတယ် ရွာမှာက။ ဒါပေမဲ့ ရေက အရမ်းရှားပါတယ်။ ရေကာတာက ယူမယ်ဆိုရင် အများကြီးအဆင်ပြေပါတယ်။ ဒါပေမဲ့ ရွာသူရွာသားတွေက ဆင်းရဲကြတယ်။ ပွင့်ပွင့်လင်းလင်း ပြောမယ့်သူကလည်း မရှိဘူး၊ ဒါကြောင့် လုပ်ငန်းတွေကလည်း အဆင်မပြေကြပါဘူး။ သူတို့က ရေပေးမယ်ဆိုရင်တောင် ကျမတို့မှာက ပိုက်သွယ်ဖို့အတွက် ငွေမရှိဘူး၊ ရေအသုံးပြုခွင့်ရဖို့အတွက် ဘယ်လိုလုပ်ရမလဲ ဆိုတာကို ကျမတို့က မသိတော့ဘူး။ သူတို့ကလည်း မပေးဘူးလေ။ ရေကတော့ အဲဒီရေကာတာက ယူမယ်ဆိုရင် အများကြီးအဆင်ပြေသွားမယ်။ ရွာမှာက သောက်သုံးရေတွေလည်း ရှားတယ်။ အဲဒီကသာ ရေရမယ်ဆိုရင် လုပ်ကိုင်စားသောက်ဖို့အတွက် အများကြီးအဆင်ပြေသွားမှာပါ။"

အဆိုပါ သိုင်းချောင်းရေလှောင်တမံကို ၂၀၁၄ ခုနှစ်က စတင်ပြီး ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် တည်ဆောက်ခဲ့တာဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့ပေမဲ့လည်း လက်ရှိအချိန်ထိ ရေကို အသုံးပြုမှု မရှိသလို ဒေသခံတွေကိုလည်း ရေအသုံးပြုခွင့်ရအောင် လုပ်ဆောင်ပေးတာ မရှိတဲ့အတွက် သိုင်းချောင်းရေလှောင်တမံက ရေတွေကို ဒေသခံတွေအနေနဲ့ အသုံးပြုခွင့်ရဖို့ လိုလားနေကြတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013