DVB Logo
Home
မြန်မာသတင်း
ဖေဖော်ဝါရီ ၂၅ ရက်နေ့ မိုးလေ၀သ ခန့်မှန်းချက် - ဒေါက်တာ ထွန်းလွင်
DVB
·
February 25, 2014
ဖေဖော်ဝါရီ ၂၅ ရက်နေ့ မိုးလေ၀သ ခန့်မှန်းချက် - ဒေါက်တာ ထွန်းလွင်
Donate to DVB

ဒီနေ့မနက် ၇း၃၀ နာရီအချိန်ဖမ်းယူရရှိထားတဲ့ တိမ်ပုံအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကျန် ဘင်္ဂလားပင်လယ်အော်မှာ တိမ်ကင်းစင်းနေပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်း နဲ့ အရှေ့ပိုင်းဒေသတွေမှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပါတယ်။ ကျန်ဒေသတွေမှာ တိမ်ကင်းစင် နေရပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက်နေ့အတွက် မြန်မာ့ပင်လယ်ပြင်အခြေအနေကတော့ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်သာ ရှိနိုင်ပြီး လှိုင်းအမြင့် ၁ ပေကနေ ၃ ပေလောက် မြင့်တက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက်နေ့အတွက် အပူရှိန်မြင့်တက်နိုင်မှုကတော့ မြန်မာတနိုင်ငံလုံးမှာ ပုံမှန် အပူရှိန်ထက် သိသိသာသာ ပိုနိုင်ပါတယ်။

Slide2ကချင်ပြည်နယ်မှာ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း ၈ လောက်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း ၉ လောက် ရှိနိုင်ပြီး ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း ၁၀ လောက်ထိ ရှိနိုင်ပါတယ်။

မြန်မာတနိုင်ငံလုံးမှာ ပုံမှန်အပူရှိန်တွေထက် သိသိသာသာ မြင့်တက်နိုင်တဲ့အတွက် ခရမ်းလွန်ရောင်ခြည် အန္တရာယ်ကို သတိပြု ကာကွယ်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက်နေ့အတွက် ညအပူချိန်ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ကယားပြည်နယ်ဒေသတွေမှာ ညအပူချိန် ၁၁ ဒီဂရီစင်တီဂရိတ်မှ ၁၆ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။

ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာတော့ ၁၇ ဒီဂရီစင်တီဂရိတ်မှ ၂၂ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။
ဖေဖော်ဝါရီ ၂၆ ရက်နေ့အတွက် မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှု မရှိဘူးလို့ ခန့်မှန်းထားပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက်နေ့အတွက် မိုးရွာသွန်းနို်င်မှု ခန့်မှန်းချက်ကတော့ မြန်မာတနိုင်ငံလုံးမှာ အများအားဖြင့် သာယာနိုင်ပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက်နေ့အတွက် မိုးရေချိန်ကတော့ စစ်ကိုင်းတိုင်း အထက်ပိုင်းစွန်း ၂၄ နာရီအတွင်း ၁ မီလီမီတာမှ ၂ မီလီမီတာလောက် ရွာသွန်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မြို့တော်ကြီးတွေ ခန့်မှန်းချက်ကတော့ ဖေဖော်ဝါရီ ၂၅ ရက်နေ့ မနက် ၈ နာရီခွဲအချိန် ဖမ်းယူထားတဲ့ တိမ်ပုံအရ နေပြည်တော်နဲ့ အနီးတ၀ိုက်မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက်နေ့အတွက် နေပြည်တော်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၁၇ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ အများအားဖြင့် သာယာနိုင်ပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက်နေ့ မနက် ၈ နာရီခွဲအချိန် ဖမ်းယူထားတဲ့တိမ်ပုံအရ ရန်ကုန်နဲ့ အနီးတ၀ိုက်မှာ တိမ်အနည်းငယ်ဖြစ်ထွန်းနေပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက်နေ့အတွက် ရန်ကုန်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၆ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၁၈ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ အများအားဖြင့် သာယာနိုင်ပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက်နေ့ မနက်၈နာရီခွဲအချိန် ဖမ်းယူထားတဲ့တိမ်ပုံအရ မန္တလေးနဲ့ အနီးတ၀ိုက်မှာ တိမ်အနည်းငယ်ဖြစ်ထွန်းနေပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက်နေ့အတွက်ကတော့ အမြင့်ဆုံးအပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၁၈ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ အများအားဖြင့် သာယာနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013