DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်က နှစ်ပတ်အတွင်း ပြည်သူ့နေအိမ် အလုံး ၁,၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီး
DVB
·
March 16, 2022
စစ်ကောင်စီတပ်က နှစ်ပတ်အတွင်း ပြည်သူ့နေအိမ် အလုံး ၁,၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီး
Donate to DVB

စစ်တပ်အာဏာသိမ်းကာလ ၁ နှစ်ကျော်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ လက်ပါးစေ အဖွဲ့အစည်းတွေက မီးရှို့လို့ ပျက်စီးသွားတဲ့ လူနေအိမ်ပေါင်း ခန့်မှန်းခြေ ၇,၂၁၈ လုံးလောက်ထိ တိုးလာခဲ့တယ်လို့ Data for Myanmar အဖွဲ့က ထုတ်ပြန်ပါတယ်။
အဲဒီဖြစ်စဉ်တွေဟာ မြန်မာနိုင်ငံအနှံ့ နေရာပေါင်း ၂၀၁ လောက်မှာ ဖြစ်ပွားခဲ့ပြီး မြေပုံ၊ ဂရပ်တွေနဲ့တကွ ယှဉ်တွဲဖော်ပြထားကာ သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့တဲ့ တိုက်ပွဲသတင်းတွေနဲ့ နေအိမ်မီးရှို့ခံရတဲ့ သတင်းတွေကို ရက်အလိုက်၊ ဖြစ်စဉ်အလိုက် ပြန်စီပြီးတော့ ရေတွက်ထားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ် ၁၅ ရက်အထိ စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခံရတဲ့အတွက် လူနေအိမ်ခြေ ပျက်စီးဆုံးရှုံးမှု အစဉ်လိုက်စာရင်းမှာတော့ စစ်ကိုင်းတိုင်းဒေသကြီးက ၄,၄၂၆ လုံးနဲ့ အများဆုံးဖြစ်ပြီး သူ့နောက်မှာ မကွေးတိုင်းက ၁,၁၄၈ လုံး၊ ချင်းပြည်နယ်က ၁,၁၂၁ လုံး၊ ကယားပြည်နယ်က ၃၅၇ လုံးစီနဲ့ ပျက်စီးဆုံးရှုံးမှု အများဆုံး ဖြစ်နေပါတယ်။
လအလိုက်မှာတော့ စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း လူနေအိမ်ပေါင်း ၂,၈၈၂ လုံးကို ဖျက်ဆီးခဲ့ကြပြီး ဇန်နဝါရီလမှာတော့ ၁,၀၅၉ လုံး၊ အဲဒီအရင် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှာတော့ ၉၆၁ လုံးကို မီးရှို့ဖျက်ဆီးမှု အများဆုံး ကျူးလွန်ခဲ့ကြတာကို တွေ့ရပါတယ်။ ဒါ့အပြင် အခုမတ်လထဲမှာတော့ စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ ပြည်သူ့အိုးအိမ် ၁,၁၂၁ လုံးအထိ ရှိလာနေတယ်လို့ ဆိုပါတယ်။
Data for Myanmar အဖွဲ့အနေနဲ့ သတင်းဌာနတခုချင်းစီက မတူညီတဲ့ အရေအတွက်တွေကို cross-check လုပ်ပြီး စိစစ်ထားသလို ဒေသခံ လူအခွင့်အရေးအဖွဲ့တွေနဲ့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ အဖွဲ့တွေက ထုတ်ပြန်တဲ့ စာရင်းတွေကို အခြေခံထားပြီး မပြည့်စုံတဲ့ အချက်အလက်တွေ ချန်ထားခဲ့ရတာမို့ မြေပြင်အရေအတွက်က ပိုများနိုင်တယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်ထိ မြန်မာနိုင်ငံအနှံ့ မြို့ရွာတွေမှာ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူလူထု တရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲနေကြတာပါ။
နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ အာဏာသိမ်းကာလ ၁ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁,၆၇၆ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၂,၇၀၀ နီးပါးထိ ရှိလာခဲ့ပြီလို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013