DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံး
DVB
·
March 16, 2022
မန္တလေးတွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံး
1 / 2
Donate to DVB

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မြောက်ပြင်ရပ်၊ အမရဌာနီရပ်ကွက်၊ လမ်း ၈၀ နဲ့ ၁၁ လမ်းဝန်းကျင်မှာ မတ်လ ၁၅ ရက် ည ၉ နာရီကျော်က စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပါတယ်။

စားသောက်ဆိုင်က ပြန်လာတဲ့ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦးပါ ဆိုင်ကယ်ကို ရပ်တန့်ခိုင်းရာ မရပ်ဘဲ မောင်းတဲ့အတွက် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တာကြောင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး အမျိုးသား ၁ ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

မြောက်ပြင်ရပ်နေ ပြည်သူတဦးက “ညတုန်းက အမှတ် ၄ စခန်းဘက်က ပစ်တယ်ထင်တာ။ မနက်ကျမှ ဘီယာဆိုင်က ပြန်လာတဲ့အဖွဲ့ကို ရပ်ခိုင်းတာ မရပ်လို့ ပစ်တယ်ဆိုပြီး ပြောကြတယ်။ လမ်း ၈၀၊ ၁၂ လမ်းထောင့်က တပ်စွဲထားတာရှိတယ်။ အဲဒီက ပစ်တာထင်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်ခတ်တဲ့အတွက် အသက် ၂၆ နှစ်အရွယ် မနုနုဝင်းဟာ လည်ပင်း ကျည်ဖောက်ဝင်ဒဏ်ရာနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး အသက် ၂၅ နှစ်အရွယ် ကိုအောင်ဖြိုးကျော်ဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ ရင်ဘတ် ကျည်ဖောက်ဝင်ဒဏ်ရာ တချက် ရခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013