DVB Logo
Home
မြန်မာသတင်း
ရခိုင် ကမ်းနီးရေလုပ်သားများ ဆန္ဒထုတ်ဖော်
DVB
·
February 25, 2014
ရခိုင် ကမ်းနီးရေလုပ်သားများ ဆန္ဒထုတ်ဖော်
1 / 3
Donate to DVB

သင်္ဘောတွေ ငါး ဝင်ရောက်ဖမ်းဆီးမှုတွေကြောင့် ကမ်းနီရေလုပ်သားများ နစ်နာ ဆုံးရှုံးနေရမှုတွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် ကျိန္တလီမြို့နယ်ခွဲမှာ ဆန္ဒဖော်ထုတ်မှု ပြုလုပ်ခဲ့ပါတယ်။

Nyan Gyi Yan Nai 3အဲဒီ ဆန္ဒထုတ်ဖော်မှုကို ဒီနေ့ မနက် ၉ နာရီက စတင် ပြုလုပ်ခဲ့တာ ဖြစ်ပြီး ကမ်းနီးရေလုပ်သား ၂၀၀ လောက် ပါဝင်ခဲ့ပါတယ်။

ကမ်းနီးရေလုပ်သားတွေဟာ ကမ်းဝေး ငါးဖမ်းသင်္ဘောတွေ ကမ်းနီး ငါးဖမ်းကွက်အတွင်း ဝင်ရောက် ငါးဖမ်းဆီးနေတာတွေကြောင့် ဒေသခံ ကမ်းနီး ရေလုပ်သားတွေ စားဝတ်နေရေး အကျပ်အတည်း ရင်ဆိုင်လာရမှုကို ဖြေရှင်းပေးဖို့ ဆန္ဒပြခဲ့ကြတာပါ။

Nayn Gyi Yan Nai 2ဆန္ဒထုတ်ဖော်သူတွေဟာ ကမ်းဝေးငါးဖမ်းသင်္ဘောတွေ ကမ်းနီးရေပြင်ကို ဝင်ရောက် မဖမ်းဆီးရေး ပြည်ထောင်စု အစိုးရက ဆောင်ရွက်ပေး၊ ဒေသခံ ကမ်းနီးရေလုပ်သားတွေ ဆင်းရဲနွမ်းပါးမှု လျော့ချရေး၊ ကမ်းဝေး ငါးဖမ်းသင်္ဘောတွေကို ဖယ်ရှားပေးနဲ့ ပင်လယ်ပြင် တရားဥပဒေစိုးမိုးရေး အလျင်အမြန် ဆောင်ရွက်ပေးစတဲ့ ပိုစတာတွေကို ကိုင်ဆောင် ဆန္ဒ ထုတ်ဖော်ခဲ့ပါတယ်။

Nyan Gyi Yan Naiကမ်းဝေးငါးဖမ်းသင်္ဘောတွေဟာ ပင်လယ်ပြင်နဲ့ ကမ်းနီး ၁၀ မိုင် အတွင်း ဝင်ရောက် ငါးဖမ်းဆီးမှုတွေ ပြုလုပ်တာကြောင့် သန္တာကျောက်တန်းတွေ ပျက်စီးတာ၊ ငါးမျိုးစိတ်တွေ တုံးကုန်တာနဲ့ ရှားပါးလာတာ တို့အပြင် ဒေသခံ ကမ်းနီးရေလုပ်သားတွေရဲ့ စားဝတ်နေရေး ပြဿနာတွေကိုပါ ထိခိုက်လာနေ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနက် ၁၀ နာရီကျော်မှာတော့ ဆန္ဒထုတ်ဖော်တဲ့ သူတွေဟာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ငါးနီတူ ဖမ်းဆီး ထုတ်လုပ်သူများ အစုအဖွဲ့ ရုံးရှေ့မှာ နစ်နာဆုံးရှုံးမှုတွေ ရပိုင်ခွင့် အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး ဆန္ဒထုတ်ဖော်ပွဲနဲ့အတူ ဟောပြောပွဲပါ ပြုလုပ်ခဲ့ပါတယ်။ (သတင်းဓာတ်ပုံ ရန်နိုင်၊ ဥာဏ်ကြီး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013