DVB Logo
Home
မြန်မာသတင်း
လမုတောများ ပျက်စီးမှု ရာသီဥတုနှင့် လယ်စိုက်ပျိုးရေးကို ထိခိုက်
DVB
·
February 24, 2014
လမုတောများ ပျက်စီးမှု ရာသီဥတုနှင့် လယ်စိုက်ပျိုးရေးကို ထိခိုက်
Donate to DVB

လမုပင်တွေ ပျောက်ကွယ်သွားမှုဟာ ရာသီဥတုကို ပြောင်းလဲစေနိုင်တဲ့အပြင် လယ်ယာစိုက်ပျိုးရေးအပေါ်မှာလည်း သက်ရောက်မှုတွေ ရှိတဲ့အကြောင်း သဘာဝပတ်ဝန်းကျင် ပညာရှင်တွေက သတိပေး ပြောကြားလိုက်ပါတယ်။

သက်ဆိုင်ရာဝန်ကြီးဌာန၊ အစိုးရမဟုတ်တဲ့ လူမှုရေးအဖွဲ့အစည်းတွေ၊ ပြည်တွင်းနဲ့ ပြည်ပက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်တွေက လမုပင်နဲ့ ရာသီဥတုပြောင်းလဲမှု ခေါင်းစဉ်နဲ့ ရန်ကုန်မှာ ဒီနေ့ ဆွေးနွေးပွဲ ကျင်းပရာမှာ ပြောကြားလိုက်တာ ဖြစ်ပါတယ်။

OLYMPUS DIGITAL CAMERAလမုပင်တွေ ပျောက်ကွယ်သွားတဲ့အတွက် အပူချိန်တွေ အတက်အကျ မညီတော့သလို ကမ်းရိုးတန်း ပင်လယ်ရေက မြင့်တက်လာပြီး လယ်တွေထဲကို ၀င်ရောက်လာတဲ့အတွက် လယ်စိုက်ပျိုးလို့ မရနိုင်တဲ့အကြောင်း ဒီဆွေးနွေးပွဲမှာ အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။

လယ်သမားတွေအနေနဲ့ လယ်ယာမြေကို စွန့်ခွာကာ အလုပ်လက်မဲ့ ဖြစ်လာနိုင်တဲ့ အတွက် လယ်ထဲကို ဆားငန်ရေတွေ မ၀င်အောင် လမုပင်တွေကို စနစ်တကျ စိုက်ပျိုးဖို့ အစီ အစဉ်တွေကို ဆွေးနွေးခဲ့တယ်လို့ ကမ္ဘာ့ရှုခင်း (မြန်မာ)အဖွဲ့က စီမံကိန်း ညှိနှိုင်းဆောင်ရွက်ရေးမှူး ဒေါ်သန္တာကိုက ပြောပါတယ်။
“ကျေးလက်နေသူတွေက ဒီအပင်တွေကို ခုတ်ပြီး မီးသွေးလုပ်ကြတယ်။ တချို့ကျတော့လည်း အပင်တွေကိုခုတ်ပြီးတော့ လှေတို့၊ အဆောက်အဦ ဆောက်လုပ်တဲ့နေရာမှာ သုံးတယ်။ အဲဒီအတွက် အများကြီး ပျက်စီးပါတယ်။
ဒါ့အပြင် ဒီဆွေးနွေးပွဲကြောင့် လမုပင်တွေနဲ့ ပတ်သက်ပြီး သတိထားမိကာ လမုတော ဥယျာဉ်တွေ ပေါ်ပေါက်လာဖို့ မျှော်လင့်နေတဲ့ အကြောင်းလည်း သူက ပြောပါတယ်။
ဒီဆွေးနွေးပွဲမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီးဌာနက ပြည်ထောင်စုဒုဝန်ကြီးအပါအ၀င် နိုင်ငံတကာက ပညာရှင်တွေနဲ့ ပြည်တွင်းက ပညာရှင်တွေက တက်ရောက်ခဲ့ကြပြီး လမုတောတွေ ထိန်းသိမ်းရေးနဲ့ပတ်သက်တဲ့ အတွေအကြုံတွေ ဖလှယ် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
၂၀၀၈ နာဂစ် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်စဉ်က ဧရာဝတီတိုင်းမှာ လမုတော ၈၀ ရာခိုင်နှုန်းနီးပါး ပျက်စီးသွားသလို တနိုင်ငံလုံးဆိုရင် ၆၀ ရာခိုင်နှုန်းနီးပါး ပျက်စီးနေတယ်လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသဟာ လမုတောတွေ အများဆုံး တွေ့ရတဲ့ဒေသတခုလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013