DVB Logo
Home
မြန်မာသတင်း
Mister Global ပြိုင်ပွဲတွင် စပိန်အလှမောင် Winner ဆုရ၊ မြန်မာအလှမောင် Top 17 အဆင့်ရ
DVB
·
March 16, 2022
Mister Global ပြိုင်ပွဲတွင် စပိန်အလှမောင် Winner ဆုရ၊ မြန်မာအလှမောင် Top 17 အဆင့်ရ
1 / 4
Donate to DVB

ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ ၂၀၂၂ ခုနှစ် Mister Global အလှမောင်ပြိုင်ပွဲမှာ စပိန်နိုင်ငံကိုယ်စားပြု အလှမောင် မီဂဲလ် အိန်ဂျယ် လူးကပ်စ် ကာရပ်စ်ကိုက Winner ဆုရရှိသွားခဲ့ပြီး မြန်မာအလှမောင် မျိုးထွဋ်နိုင်ကတော့ Top 17 အဆင့်ထိသာ တက်ရောက်နိုင်ခဲ့ပါတယ်။

1st Runner Up ဆုကိုတော့ ဗီယက်နမ်အလှမောင်၊ 2nd Runner Up ဆုကိုတော့ ကိုရီးယားအလှမောင်၊ 3rd Runner Up ဆုကို ဗင်နီဇွဲလားအလှမောင်၊ 4th Runner Up ဆုကို မက္ကဆီကို အလှမောင်တွေက ဆွတ်ခူးရရှိသွားပြီး အကောင်းဆုံး အမျိုးသားဝတ်စုံဆု Best National Costume ဆုကိုတော့ သီရိလင်္ကာအလှမောင်တွေက အသီးသီး ဆွတ်ခူးရရှိသွားခဲ့ကြ တာ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲကတော့ Big Male Pageant တွေထဲတခုအပါအဝင်ဖြစ်ပြီး ၂၀၁၄ ခုနှစ်က စတင် ကျင်းပခဲ့ကာ အခုနှစ်မှာတော့ ၇ ကြိမ်မြောက်အနေနဲ့ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်မှာ ပထမဆုံးကျင်းပခဲ့တဲ့ Mister Global 2014 ပြိုင်ပွဲမှာတော့ မြန်မာနိုင်ငံမှ အလှမောင် မြတ်သူရလွင်က Winner ဆုကို ဦးဦးဖျားဖျား ရရှိခဲ့ဖူးပြီး ၂၀၁၅ ခုနှစ်မှာတော့ မင်းလူလူက Top 15 အဆင့်ထိ ရောက်ရှိခဲ့ကာ ၂၀၁၆ ခုနှစ် အလှမောင် လင်းမောင်က Top 10 အဆင့်၊ ၂၀၁၇ ခုနှစ် အလှမောင် ပိုင်စိုးထွန်းက Top 16 အဆင့်ထိ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်နဲ့ ၂၀၂၁ ခုနှစ်တွေမှာတော့ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ဒီပြိုင်ပွဲကို ကျင်းပနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

အာဏာသိမ်းစစ်ကောင်စီလက်ထက် အခုနှစ်မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမောင် မျိုးထွဋ်နိုင်က Best National Costume မှာ ရှေးမြန်မာဘုရင်တွေလက်ထက်က သင်္ကြန်ပွဲဆင်နွှဲတဲ့ လုလင်ပျို သရုပ်ကို ဖော်ဆောင်ထားခဲ့တဲ့ ဝတ်စုံနဲ့ ယှဉ်ပြိုင်ခဲ့ပေမယ့် ဆုတခုမှ ရရှိခဲ့ခြင်း မရှိခဲ့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013