DVB Logo
Home
မြန်မာသတင်း
ခင်ဦးမြို့နယ်၌ ၁၅ ရက်အတွင်း စစ်တပ်က နေအိမ် ၁၀၀ ကျော် မီးရှို့၊ ပြည်သူ ၃ ဦးကို သတ်ဖြတ်
DVB
·
March 15, 2022
ခင်ဦးမြို့နယ်၌ ၁၅ ရက်အတွင်း စစ်တပ်က နေအိမ် ၁၀၀ ကျော် မီးရှို့၊ ပြည်သူ ၃ ဦးကို သတ်ဖြတ်
Donate to DVB

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ထဲ မတ် ၅ ရက်ကနေ ၁၅ ရက်အထိ စစ်ကောင်စီတပ်တွေ မီးရှို့ခဲ့တာကြောင့် ကျေးရွာ ၄ ရွာက ပြည်သူတွေရဲ့နေအိမ် ၁၀‌၀ ကျော် ဆုံးရှုံးခဲ့ရပြီး ပြည်သူ ၃ ဦးအသတ်ခံရကာ PDF ရဲဘော် ၁၅ ဦး ကျဆုံးခဲ့တယ်လို့ ဒေသခံ စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးပရဟိတသမားတွေက ပြောပါတယ်။

အခုလို စစ်ကောင်စီက ကျေးရွာအတွင်း နေအိမ်မီးရှို့တာတွေ လုပ်ဆောင်ခဲ့တာကြောင့် ဒေသခံပြည်သူတွေ နေထိုင်ရေး အလွန်အမင်း ဒုက္ခရောက်နေကြရတယ်လို့ သိရပါတယ်။

ဒါန်းကုန်ရွာက နေအိမ် ၄၃ လုံး၊ မှန်တောရွာက နေအိမ် ၃၈ လုံး၊ ကျွန်းလယ်ရွာက နေအိမ် ၂ လုံး၊ ယာစောင့်တဲ ၅ လုံး၊ သက်ပေးရွာက နေအိမ် ၁၃ လုံး မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ခုဆို အဲဒီရွာက လူတွေ အတော်လေးဒုက္ခရောက်နေကြတယ်။ နွေရာသီဆိုတော့ သောက်သုံးရေတွေ၊ အမိုးအကာတွေ အရေးပေါ်တော့ လိုအပ်နေတယ်ဗျ။ ဒီကောင်တွေက နေအိမ်ပါမကဘူး ပြည်သူတွေလည်း သတ်ဖြတ်ခဲ့တယ်။” 

ပြည်သူတွေဖြစ်တဲ့ ကိုသန်းငွေ၊ ကိုမျိုးကျော်နဲ့ ဦးကျွိတို့ အသတ်ခံရပြီး သိမ်တော်ရွာနားတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ခင်ဦးပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေကတော့  အသက် ၁၇ နှစ်ကနေ ၆၃ နှစ်အရွယ်တွေဖြစ်တဲ့ မောင်စည်သူနိုင်၊ မောင်ဖြိုးနန်း၊ မောင်သက်မျိုးနိုင်၊ မောင်ပြည့်ဖြိုးအောင်၊ မောင်စောလင်းမောင်၊ မောင်ဇော်ထက်၊ မောင်ဝေယံမြင့်လွင်၊ မောင်အောင်ငြိမ်း၊  မောင်ဝင်းဌေး၊ မောင်ဖိုးစိုး(ခ)ဝင်းမြအောင်၊ ဦးခင်မောင်တိုး၊ ဦးအောင်ဇော်မိုး၊ ဦးအောင်နိုင်၊ ဦးဘိုဝင်းနဲ့ ဦးစိုးတင့်တို့ ဖြစ်ပါတယ်။

ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီ ခလရ ၇၇ တပ်ရင်းက အင်အား ၂၀၀ လောက်ဟာ နေအိမ်တွေနဲ့ ပြည်သူတွေကို မီးရှို့သတ်ဖြတ်ပြီး ကျေးရွာတွေကို အဖွဲ့ခွဲစစ်ကြောင်း ထိုးနေတာကြောင့် ကျေးရွာ ၂၀ လောက်က ပြည်သူတွေ စစ်ဘေးရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013