DVB Logo
Home
မြန်မာသတင်း
အမျိုးသမီးဝန်ကြီးဌာန ဖွင့်ပေးရန် သမ္မတရုံးဝန်ကြီး ပယ်ချ
DVB
·
February 24, 2014
အမျိုးသမီးဝန်ကြီးဌာန ဖွင့်ပေးရန် သမ္မတရုံးဝန်ကြီး ပယ်ချ
Donate to DVB

မြန်မာနိုင်ငံမှာ အမျိုးသမီးတွေအတွက် ရပ်တည်ပေးမယ့် အမျိုးသမီးဝန်ကြီးဌာန တခုထားပေးဖို့  မရှိဘူးလို့ သမ္မတရုံး ပြည်ထောင်စုဝန်ကြီးက  ပြောကြားလိုက်ပါတယ်။

Parliment 29012014အမျိုးသမီးတွေကို အထူးအခွင့်အရေးပေးစနစ် ကျင့်သုံးပြီး ရေရှည်ရပ်တည်နိုင်ရေး အတွက် အမျိုးသမီးဝန်ကြီးဌာနတခု ထားပေးဖို့ကိစ္စ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီက ထန်းတလန်မြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဒေါ်ဇာတလဲမ်းက ဒီနေ့ ကျင်းပတဲ့  ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ  မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတကာတွေနည်းတူ မြန်မာနိုင်ငံမှာလည်း အမျိုးသမီးဝန်ကြီးဌာန ထားပေးသင့်ကြောင်း ပြောဆိုရာမှာ  သမ္မတရုံးဝန်ကြီးဌာန ၂ မှာ ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က အမျိုးသမီးဝန်ကြီးဌာန ထားဖို့ အစီအစဉ်မရှိကြောင်း ပြန်လည်ဖြေကြားတာလို့  ဒေါ်ဇာတလဲမ်းက ပြောပါတယ်။

လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာလည်း အမျိုးသမီးဝန်ကြီးဌာနနဲ့ ပတ်သက်ပြီး ပြဋ္ဌာန်း ထားတာ မရှိသေးတဲ့အတွက် အမျိုးသမီးဝန်ကြီးဌာန ထားပေးဖို့ အစီအစဉ်မရှိကြောင်းလည်း သမ္မတရုံုး ပြည်ထောင်စုဝန်ကြီးက ပြောကြားသွားပါတယ်။

ပြည်ပအခြေစိုက် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)ရဲ့ အတွင်းရေးမှူး ဒေါ်တင်တင်ညို ကတော့ အမျိုးသမီးအတွက် ၀န်ကြီးဌာနဆိုတာ လိုအပ်ပေမယ့် လက်ရှိအနေအထားမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို အရင်ပြင်ဆင်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

ကလောမြို့နယ်  ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာ ဒေါ်သန်းငွေကတော့ အမျိုးသမီး အတွက် သီးသန့်အဖွဲ့အစည်းရှိတာ ကောင်းပေမယ့် အခုချိန်မှာတော့  မလိုအပ်သေးဘူးလို့ သူရဲ့ အမြင်ကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသမီးဝန်ကြီးဌာန ဖွင့်လှစ်ဖို့ အလှမ်းဝေးနေဆဲ ဖြစ်ပေမယ့် ကမ္ဘာမှာတော့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍနဲ့ အမျိုးသမီးအခွင့်အရေးတွေကို လေးစား မြှင့်တင်ပေးတဲ့အနေနဲ့ နယူးဇီလန်၊ ကနေဒါ၊ ဥရောပနဲ့ အာရှနိုင်ငံတချို့မှာ အမျိုးသမီး ၀န်ကြီးဌာနတွေ  ဖွင့်လှစ်ပေးထားတာဖြစ်ပါတယ်။ အသံဖိုင်နားဆင်ရန်
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013